EDM ကို Company များနှင့်ကုန်အမှတ်တံဆိပ်များမှအလားအလာရှိသော Client များကိုပစ်မှတ်ထားသောစျေးကွက်ရှာဖွေရေးပုံစံတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး။EDM ဟာ Customer relationship ကိုတည်ဆောက်နိုင်ခြင်း၊ရောင်းအားတက်စေခြင်းစတဲ့ရလဒ်ကောင်းတွေကိုရရှိစေနိုင်တဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ EDM တစ်နည်းအားဖြင့် Electronic Direct Mail ဆိုသည်မှာ Company များနှင့်ကုန်အမှတ်တံဆိပ်များ ရောင်းအားတိုးပွားစေရန် နဲ့ Loyal customer တွေရရှိရန်အဓိကအသုံးပြုတဲ့ Marketing နည်းလမ်းပဲဖြစ်ပါတယ်။
ဒါဆို EDM marketing ဟာ Traditional email marketing နဲ့ဘာတွေကွာခြားလဲဆိုရင်တော့ EDM ဟာရိုးရိုး Email ဆက်သွယ်ပေးပို့ခြင်းထက်မကသောလုပ်ဆောင်ချက်တွေပါဝင်လို့ပါပဲ။EDM Campaign ဟာ Email Blast ကိုပိုမိုအာရုံထားပါတယ်။ဘာကိုဆိုလိုတာလဲဆိုရင်တော့ အလားအလာရှိတဲ့ Potentials Customer တွေရဲ့ Email Database ကိုတည်ဆောက်ပြီး ကိုယ့်ရဲ့ Offer မှန်သမျှEmail ကနေတိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ခြင်းပဲဖြစ်ပါတယ်။EDM campaign တွေရဲ့ထူးခြားတဲ့လုပ်ဆောင်ချက်တွေဟာဆိုရင် Cross-Media channel တွေကိုအသုံးပြု၍ ပုံနှိပ်ထုတ်ဝေခြင်း၊Social media promotion တွေပြုလုပ်ခြင်း၊ SMS တွေကနေတစ်ဆင့် စာတိုပေးပို့တဲ့ Campaign တွေလုပ်ခြင်းစတာတွေပဲဖြစ်ပါတယ်။
* Remarketing
* PPC
* Social Media
* Offline Advertising တို့ပဲဖြစ်ပါတယ်၊