
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြာတဲ့အခါမှာ နောက်ပိုင်း Digital Marketing နဲ့ပါတွဲပြီး လုပ်ဆောင်တဲ့ လုပ်ငန်းတွေက ပိုပြီး အကျိုးအမြတ်ရတာကို တွေ့ရပါတယ်။ Page ရှိတဲ့ လုပ်ငန်းတွေ၊ Website ရှိတဲ့လုပ်ငန်းတွေက ဘာ Digital Platform မှမရှိတဲ့ လုပ်ငန်းတွေထက် အားသာချက်ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ Consumer တွေက အင်တာနက်ရှိရုံနဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ E-commerce Website တွေမှာပဲ ဝယ်ယူလာကြတာတွေ ရှိပါတယ်။ ဒါကြောင့် E-commerce တွေကို အဓိက အသုံးပြုလာကြတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးသွားပါမယ်…
- Order ပြုလုပ်ရတာ လွယ်ကူခြင်း
- Product မြောက်များစွာကို တစ်နေရာထဲမှာ ရွေးချယ်နိုင်ခြင်း
- မြန်ဆန်တဲ့ Service နဲ့ Delivery ရရှိခြင်း
- Payment Method လွယ်ကူခြင်း
- Product Information များကို စိတ်ကြိုက်ကြည့်ရှုနိုင်ခြင်း
- Price comparisons ကောင်းကောင်းလုပ်နိုင်ခြင်း
- Vendor များစွာရှိတဲ့အတွက် စိတ်တိုင်းကျ ရွေးချယ်နိုင်ခြင်း
အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် E-commerce ကို အသုံးပြုသင့်တာဖြစ်ပါတယ်။ မိမိရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက်လည်း E-commerce ကိုအသုံးပြုလာကြဖို့ အကြံပြုချင်ပါတယ်။