logo
myanmar
Customer Service ကဘာကြောင့်အရေးကြီးတာလဲ

Customer Service ကဘာကြောင့်အရေးကြီးတာလဲ

24 Nov 2020

Product တွေ Service တွေကို ရောင်းထွက်စေဖို့အတွက်ဆိုရင် Marketing Strategy ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ အမှန်တကယ်ရောင်းထွက်ဖို့ဆိုရင် ဆိုင်ကိုလာသည်ဖြစ်စေ Online Channel တွေကဖြစ်စေ စုံစမ်းဆက်သွယ်ပြီးမှ ဝယ်ယူတတ်ကြပါတယ်။ ဒီလိုအပိုင်းမှာ အဓိကကျတဲ့ အပိုင်းက Customer Service ပဲဖြစ်ပါတယ်။ ၈၅ ရာခိုင်းနှုန်းသော Buyers တွေဟာ Product/Service တစ်ခုကိုဝယ်ယူလိုက်ခြင်းဟာ Customer တွေကို အရမ်းဂရုစိုက်ပေးတတ်တဲ့ Customer Service တွေကြောင့် ဖြစ်ပါတယ်။

နောက်ပိုင်းမှာ လုပ်ငန်းတစ်ခု/ Brand တစ်ခုရဲ့ အဓိကသော့ချက်က Customer Experience ပေါ်မှာ အများကြီး မူတည်လာပါတယ်။ လူတွေဟာ မကောင်းတဲ့ Customer Service ရှိတဲ့ လုပ်ငန်းတွေ အကြောင်းကို ၂ ကြိမ်ထက်ပိုပြီး ကိုယ့်အသိ မိတ်ဆွေတွေကို ပြန်ပြောပြလေ့ရှိပါတယ်။ Customer Service ညံ့မှုကြောင့် အမေရိကန်နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆုံးရှုံးမှုဟာ နှစ်စဥ် ဒေါ်လာ ၇၅ ဘီလီယံအထက်မှာ ရှိပါနေပါတယ်။ ၉၅ ရာခိုင်နှုန်းသော Customer တွေက Product/Service တစ်ခုခုကို ဒီဆိုင်မှာပဲ ထပ်ခါတလဲလဲ ဝယ်ဖြစ်တဲ့အကြောင်းအရင်းက ကောင်းမွန်တဲ့ Customer Service ပေးနိုင်မှုကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ၈၈ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ Contact Center တွေမှာ Customer Experience နဲ့ပတ်သတ်ပြီး ဦးစားပေးလာကြတာကို တွေ့ရပါသည်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Customer Service လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်လာဖို့ အရေးပါတဲ့ ကဏ္ဍတစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ Customer Service တွေကလည်း Customer တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်မဖြစ်ကို ပြန်လည် ဆီစစ်ပြီး Customer Happy ဖြစ်စေတဲ့ Customer Service မျိုးဖြစ်အောင် ပြုပြင်နိုင်ဖို့ အကြံပြုလိုက်ပါတယ်။

Recent posts