
Minimalism တစ်နည်းအားဖြင့် အရိုးရှင်းဆုံး တတ်နိုင်သမျှ အနည်းဆုံး ချုံ့ပြီးနေထိုင်ခြင်းကို အရင်ခေတ်တွေကတည်းကလူအများစုလက်ခံနေထိုင်လာကြတာပဲဖြစ်ပါတယ်။ယခုအခါမှာ Minimalism အငွေ့အသက်ဟာ တစ်ခေတ်ပြန်လာသောဖြစ်စဉ်တစ်ခုဖြစ်လာပြီး နိုင်ငံတကာကလူတွေကိုများစွာလွှမ်းမိုးလာတဲ့ခေတ်ရေစီးကြောင်းသဖွယ်ဖြစ်နေပါတယ်။
ဘာကြောင့် ကမ္ဘာတစ်ဝှမ်းတွင်လူကြိုက်များလာရတာလဲ ? လေ့လာသုံးသပ်ထားတဲ့ အချက်တွေအလိုက်ဖော်ပြထားတာကို ပြန်လည်မျှဝေပေးချင်ပါတယ်။
Pandemic ကာလစီးပွားရေး အကျပ်အတည်းအပေါ်မူတည်ခြင်း
သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ ထိခိုက်မှုများကိုလျော့ချနိုင်ခြင်း
လူသားတွေကြား Inequality ဖြစ်မှုကို Awareness ဖြစ်လာကြခြင်း
ကမ္ဘာကျော်နည်းပညာ Company တွေကိုယ်တိုင် Minimalist design တွေကိုအသားပေးထုတ်လုပ်ခြင်း
Minimalism နေထိုင်မှုကြောင့်ရရှိတဲ့ ရလဒ်တွေကိုနှစ်သက်ခြင်း
အကြွေးယူမှုလျှော့ချခြင်း
မလိုအပ်တဲ့အရာတွေအပေါ် တွယ်တာစိတ်နည်းစေခြင်း
ကျယ်ပြန့်သော Internet ရှိခြင်းကြောင့် Minimalism ကိုပိုမိုလက်တွေ့ကျင့်သုံးလာနိုင်ကြခြင်း
Stress တွေကိုလျော့ချနိုင်ခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။
သင်ရော Minimalism နေထိုင်မှုအငွေ့အသက် ကိုနှစ်သက်လား ? ဘာကြောင့် နှစ်သက်လဲ ? မနှစ်သက်လဲ ? သင်တို့ရဲ့အမြင်တွေကိုမျှဝေပေးသွားလို့ရပါတယ်။