logo
myanmar
ဘာကြောင့် Facebook Page တွေကို Unlike လုပ်သွားကြတာလဲ?

ဘာကြောင့် Facebook Page တွေကို Unlike လုပ်သွားကြတာလဲ?

30 Jan 2021

Facebook Page မှာ သင့်ရဲ့ Brand တွေကိုကြော်ငြာတာဟာ ထိရောက်တဲ့ Marketing နည်းလမ်း တစ်ခုဖြစ်သလို တစ်ဖက်မှာလည်း သင့် Brand ရဲ့ Page ကို Unlike လုပ်စေနိုင်တဲ့ အချက်တွေ ကိုလည်းဂရုစိုက်ဖို့လိုပါတယ်။ ကဲ ဒါဆို လူတွေဘာကြောင့် Unlike လုပ်ကျလဲဆိုတဲ့အချက်တွေ ကိုဖော်ပြပေးပါမယ်...

၄၄% သော User တွေကတော့ Brand တွေဟာ Post တွေကိုမကြာခဏ တင်သင့်တာမှန်ပေမဲ့ လိုတာထက်ပိုပြီး တောက်လျောက်တင်နေခြင်းကို မနှစ်သက်တဲ့အတွက် Unlike လုပ်ရတယ်လို့ဆိုပါတယ်။

၄၃% သော User တွေကတော့ သူတို့ရဲ့ Wall ပေါ်မှာ Marketing Post တွေကြီးပဲမြင်နေရတဲ့အတွက် အချို့သော Page တွေကို Unlike လုပ်ရတာပါတဲ့။

၃၈% သော User တွေကတော့ အကြောင်းအရာတူတဲ့ Content တွေထပ်ခါထပ်ခါတင်ခြင်း ဒါမှမဟုတ် စိတ်ဝင်စားစရာမကောင်းတဲ့ Content တွေကိုဖတ်ရတာမနှစ်သက်လို့လုပ်ရတယ်ဆိုပါတယ်။

၂၄% သော User တွေရဲ့အဆိုကတော့ တချို့ Page တွေကအရမ်းလိုတာထက်ပိုပြီး Promotional ဆန်တယ်လို့ထင်လို့ Unlike လုပ်ရပါတယ်လို့ဆိုပါတယ်။

၁၉% User တွေကတော့ Brand ရဲ့ Content ကိုစဖတ်လိုက်ကထဲကသူနဲ့အဆင်မပြေနိုင်တာသိလို့ Unlike လုပ်ပါတယ်တဲ့။

၁၇% သော Userတွေကတော့ Brand တွေရဲ့ Page မှာတင်တဲ့ Post တွေဟာ တကယ်အစစ်အမှန်တန်ဖိုး ရှိတာတွေ မဟုတ်လို့ပါတဲ့။

၁၄% ကတော့ Brand ကို ညွှန်းထားတဲ့အရောင်း Post တွေကိုဖတ်ပြီးဝယ်ရတာထက် ကိုယ်တိုင် Informations တွေကိုရှာဖွေလေ့လာပြီးဝယ်ရတာပိုနှစ်သက်လို့လို့ဆိုပါတယ်။

Ref-Bbmm.ie

Recent posts