လုပ်ငန်းလုပ်ကိုင်ဖို့အတွက် Website ဆောက်လုပ်တော့မယ်ဆိုရင် CMS(Content Management System) တစ်ခုခုကိုရွေးချယ်ပြီး ဆောက်လုပ်ကြပါတယ်။ CMS တွေအများအပြားရှိကြပေမယ့် Open-Source CMS တစ်ခုလည်းဖြစ် Popular လည်းဖြစ်တဲ့ CMS တစ်ခုကတော့ WordPress ပဲ ဖြစ်ပါတယ်။ 

 

ဒီ WordPress CMS ကဘာကြောင့် နာမည်ကြီးတာလဲ? CMS Market မှာ အားကောင်းတဲ့ CMS တစ်ခုအဖြစ်ရပ်တည်နေနိုင်တာလဲဆိုတာကတော့ ဒီ Statistics တွေကို ကြည့်ရှုပြီး သုံးသပ်နိုင်ပါတယ်…

 

  • ၃၅.၃ ရာခိုင်နှုန်းသော Website တွေဟာ WordPress CMS ကိုအသုံးပြုကြပါတယ်
  • ကမ္ဘာပေါ်က Live ဖြစ်နေတဲ့ Website ၂၇ သန်းကျော်က WordPress အသုံးပြုထားတဲ့ Website တွေပဲ ဖြစ်ပါတယ်
  • Popular Business Site ၁ သောင်းမှာ ၃၅ ရာခိုင်နှုန်းက WordPress ကိုအသုံးပြုကြပါတယ်
  • Website ပေါင်း ၃ သန်းကျော်မှာ WooCommerce Plugin ကို Install လုပ်ထားကြပါတယ်
  • WordPress 5.3 ကို Download လုပ်ခဲ့ကြတဲ့ အကြိမ်ရေ ၂၇ သန်း ကျော်ခဲ့ပါပြီ
  • WordPress မှာ Free Download လုပ်ပြီး အသုံးပြုနိုင်တဲ့ Theme အရေအတွက်ဟာ ၅၈၀၀ ကျော်အထိ ရှိနေပါပြီ
  • လက်ရှိအချိန်ထိထွက်ရှိတဲ့ခဲ့တဲ့ WordPress Version တွေကတော့ ၁၀၆ ခုအထိထွက်ခဲ့ပါပြီ
  • WordPress CMS ဟာ Joomla နဲ့ Drupal CMS တို့ထက် လျင်လျင်မြန်မြန်ပဲ ကြီးမားလာခဲ့ပါတယ်
  • WordPress ကိုအသုံးပြုပြီး နေ့စဥ်ဆောက်လုပ်နေကြတဲ့ Website အရေအတွက်ကတော့ ၈၅၀ အထိရှိပါတယ်

 

ဒီလို Website ဆောက်လုပ်တဲ့နေရာမှာ WordPress CMS ကိုဘာကြောင့် ရွေးချယ်ကြတာလဲ? WordPress က Popular ဘာကြောင့်ဖြစ်တာလဲ? ဆိုတဲ့ အကြောင်းရင်းတွေကို သုံးသပ်မိမယ်လို့ မျှော်လင့်မိပါတယ်။ 

 

Leave a Reply

social sharing buttons