Facebook page မှာ သင့်ရဲ့ Brand တွေကိုကြော်ငြာတာဟာ ထိရောက်တဲ့ Marketing နည်းလမ်း တစ်ခုဖြစ်သလို တစ်ဖက်မှာလည်း သင့် Brand ရဲ့ Page ကို Unlike လုပ်စေနိုင်တဲ့ အချက်တွေ ကိုလည်းဂရုစိုက်ဖို့လိုပါတယ်။ကဲ ဒါဆို လူတွေဘာကြောင့် Unlike လုပ်ကျလဲဆိုတဲ့အချက်တွေ ကိုဖော်ပြပေးပါမယ်…

၄၄% သော User တွေကတော့ Brand တွေဟာ Post တွေကိုမကြာခဏ တင်သင့်တာမှန်ပေမဲ့ လိုတာထက်ပိုပြီး တောက်လျောက်တင်နေခြင်းကို မနှစ်သက်တဲ့အတွက် Unlike လုပ်ရတယ်လို့ဆိုပါတယ်။

၄၃% သော User တွေကတော့ သူတို့ရဲ့ Wall ပေါ်မှာ Marketing Post တွေကြီးပဲမြင်နေရတဲ့အတွက် အချို့သော Page တွေကို Unlike လုပ်ရတာပါတဲ့။

၃၈% သော User တွေကတော့ အကြောင်းအရာတူတဲ့ Content တွေထပ်ခါထပ်ခါတင်ခြင်း ဒါမှမဟုတ် စိတ်ဝင်စားစရာမကောင်းတဲ့ Content တွေကိုဖတ်ရတာမနှစ်သက်လို့လုပ်ရတယ်ဆိုပါတယ်။

၂၄% သော User တွေရဲ့အဆိုကတော့ တချို့ Page တွေကအရမ်းလိုတာထက်ပိုပြီး Promotional ဆန်တယ်လို့ထင်လို့ Unlike လုပ်ရပါတယ်လို့ဆိုပါတယ်။

၁၉% User တွေကတော့ Brand ရဲ့ Content ကိုစဖတ်လိုက်ကထဲကသူနဲ့အဆင်မပြေနိုင်တာသိလို့ Unlike လုပ်ပါတယ်တဲ့။

၁၇% သော Userတွေကတော့ Brand တွေရဲ့ Page မှာတင်တဲ့ Post တွေဟာ တကယ်အစစ်အမှန်တန်ဖိုး ရှိတာတွေ မဟုတ်လို့ပါတဲ့။

၁၄% ကတော့ Brand ကို ညွှန်းထားတဲ့အရောင်း Post တွေကိုဖတ်ပြီးဝယ်ရတာထက် ကိုယ်တိုင် Information တွေကိုရှာဖွေလေ့လာပြီးဝယ်ရတာပိုနှစ်သက်လို့လို့ဆိုပါတယ်။

Ref-Bbmm.ie

Leave a Reply

social sharing buttons