logo
myanmar
Business တွေအတွက် ရွေးချယ်စရာအကောင်းဆုံး Platform တစ်ခုဖြစ်လာတဲ့ Facebook

Business တွေအတွက် ရွေးချယ်စရာအကောင်းဆုံး Platform တစ်ခုဖြစ်လာတဲ့ Facebook

28 Nov 2019

Digital Marketing နည်းပညာတွေနဲ့ တွဲဖက်လုပ်ကိုင်လာတဲ့ လုပ်ငန်းတွေအခုချိန်မှာဆို တော်တော်များရှိနေပါပြီ။ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့် Search Engine Marketing နည်းပညာတွေ၊ Social Media Marketing နည်းပညာတွေကို ရွေးချယ်ပြီး အသုံးပြုလာကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ Facebook Advertising ကလူအသုံးပြုတာများနေတဲ့ Social Media Marketing နည်းလမ်း တစ်မျိုးအဖြစ် ရပ်တည်နေတာကို တွေ့မြင်နေရပါတယ်။ ဘာကြောင့် လူသုံးများလားရတာလဲဆိုတဲ့ အကြောင်းရင်းကိုတွေလည်း ဝေမျှပေးချင်ပါတယ်…


နှစ်တွေပြောင်းလဲလာတာနဲ့ အမျှ Facebook Advertising Platform ကလည်း တစ်ဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန်လာခဲ့ပြီး Business တွေအတွက် Audience ကို Target လုပ်နိုင်မယ့် Option တွေ၊ Entertainment အတွက် အကောင်းဆုံး ဖြစ်စေမယ့် အသစ်အသစ်သော Feature တွေ၊ Communication ကောင်းကောင်းလုပ်နိုင်မယ့် Function တွေကို ထည့်သွင်းပေးထားပါတယ်။ ဒီလို Business ကောင်းကောင်း Run နိုင်တဲ့ Platform မှာ Facebook Ads Run ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အတွက်ဆိုရင် သိထားသင့်တဲ့ အချက်တွေအနည်းနဲ့ အများရှိပါတယ်။ ဒါကြောင့် Facebook Ads Run မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ဝေမျှသွားပါမယ်…


Business Value ကောင်းဖို့အတွက် Objective မှန်ကန်စွာ ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Facebook မှာ Business အတွက် ကြီးမားကျယ်ပြန်တဲ့ Audience Range ကိုသတ်မှတ်ပေးထားအတွက် သတ်မှတ်ထားတဲ့ Business Goal ကိုရရှိဖို့ အတွက်ဆိုရင် Business နဲ့သက်ဆိုင်တဲ့ Audience ကိုမှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့ လိုပါတယ်။ Facebook Ads Run တဲ့အခါမှာ မှန်ကန်တဲ့ Objective ကိုရွေးချယ်ပေးဖို့လိုပါတယ်။ (ဥပမာ – Page Likes, Website Clicks, Engagement) အစရှိတဲ့ Campaign တွေကိုရွေးချယ်ပေးဖို့ လိုပါတယ်။ လက်ရှိအချိန်မှာဆိုရင်တော့ Awareness, Consideration, Conversions တွေကိုပါ ရွေးချယ်ပြီး Facebook Ads Run နိုင်နေပြီ ဖြစ်တဲ့အတွက် Business Goal အတွက် မိမိ Product/Service က ဘယ် Objective ကိုရွေးချယ်ပြီး Run မယ်ဆိုတာကို မှန်ကန်စွာ ရွေးချယ်ပေးဖို့ လိုပါတယ်။


Objective ရွေးချယ်တဲ့ အခါမှာ Awareness က သင့်ရဲ့ Product/Service ကို Audience Interest ပိုမိုရရှိစေဖို့ အတွက် ရွေးချယ်နိုင်ပြီး Awareness ထဲမှာမှ Brand Awareness နဲ့ Reach ဆိုပြီးရွေးချယ်စရာ ၂ ခုရှိပါသေးတယ်။ Brand Awareness က Audience တွေဆီက သင့် Ads နဲ့ပတ်သတ်တဲ့ Recall တွေနဲ့ သင့် Product ကို Awareness ပိုရရှိစေပြီး Reach ကတော့ သင့်ရဲ့ Ads ကို ဖော်ပြထားတဲ့ Audience အရေအတွက် အကုန်လုံးကို ပြပေးပါတယ်။ သင့်ရဲ့ Business ကို Audience က စပြီးသိရှိလားစေနိုင်ဖို့ သင့် Business Information ကိုပိုပြီး စိတ်ဝင်စားလာစေဖို့ အတွက်ဆိုရင်တော့ Consideration ကိုရွေးချယ်သင့်ပါတယ်။ ဒီ Objective ထဲမှာဆိုရင် Traffic, Engagement, App Installs, Video Views, Lead Generation, Messages အစရှိတဲ့ Option တွေကိုထပ်မံရွေးချယ်နိုင်ပါသေးတယ် (ဥပမာ – သင့်လုပ်ငန်းက Website ပါဆောက်ပြီး Business လုပ်ကိုင်နေတယ်ဆိုရင် သင့် Website Trffic ပါပိုပြီး များလာချင်တယ်ဆိုရင် Traffic ကိုရွေးချယ်သင့်ပါတယ်) သင့်ရဲ့ Product/Service ကို Audience ရဲ့ဝယ်ယူမှု၊ အသုံးပြုမှု၊ စိတ်ဝင်စားမှုတွေ ပိုရရှိလာစေချင်ရင်တော့ Conversion ကိုရွေးချယ်သင့်ပါတယ်။ဒီ Objective ထဲမှာဆိုရင်တော့ Catalog Sales, Store Traffice ပါထပ်ပြီး ပါဝင်တဲ့ အတွက် သင့်ရဲ့ Business ပေါ်မှာမူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ ဥပမာ – Application, Software တွေနဲ့ပတ်သတ်တဲ့ Business ဆိုရင် ဒီ Objective ကို ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။


ဖော်ပြခဲ့တဲ့ အချက်တွေကတော့ Facebook Platform မှာ Business Run ပြီး Facebook Ads Run မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဒီ Facebook Business ပိုင်းစိတ်ဝင်စားတဲ့ စိတ်ဝင်စားတဲ့သူတွေ၊ လေ့လာနေတဲ့သူတွေ အထောက်အကူ ဖြစ်စေမယ့် အချက်တွေလို့လည်း မျှော်လင့်ပါတယ်။ ဒီလို အချက်တွေကို လေ့လာသုံးသပ်ကြည့်ခြင်းဖြင့် ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုလာကြတာဆိုတာကိုလည်း သိရှိနိုင်ပါတယ်။


Recent posts