Wordpress ဆိုတာ Website လုပ်သူတွေ တော်တော်များများကတော့ သိပြီးသားပါ။ Content Management System နဲ့ Website တစ်ခုကို အလျင်မြန်ဆုံးဖန်တီးနိုင်ပါတယ်။ Developer မဟုတ်တဲ့ သာမန် User တွေကိုယ်တိုင် Wordpress နဲ့ Website တစ်ခုကို ဖန်တီးနိုင်ပါတယ်။ Wordpress မှာ .com နဲ့ .org ၂ မျိုးကွဲပြားပါတယ်။ ဒီနေ့တင်ဆက်မှာကတော့ wordpress.com နဲ့ wordpress.org ဘယ်လိုကွာခြားသလဲ ဆိုတာကို လေ့လာတင်ပြပေးမှာ ဖြစ်ပါတယ်။
- နှစ်စဉ်ကြေး
.com မှာ နှစ်စဉ်ကြေး အခမဲ့ ကနေ 299$ အထိရှိပါတယ်။ .org မှာကတော့ နှစ်စဉ်ကြေး အနည်းဆုံး 50$ လောက် ကုန်ကျနိုင်ပါတယ်။
- Hosting
.com မှာတော့ Wordpress ရဲ့ Hosting ကိုသုံးပါတယ်။ .org မှာတော့ ကြိုက်နှစ်သက်ရာ သုံးနိုင်ပါတယ်။
- Domain
.com မှာ Free sub-domain ပါဝင်ပြီး .org မှာ ကိုယ်ပိုင် Domain ဝယ်ယူသုံးစွဲရမှာပါ။
- ပြုပြင်ထိန်းသိမ်းခြင်း
.com မှာ ပြုပြင်ထိန်းသိမ်းစရာ သိပ်မလိုပေမယ့် .org မှာ လိုအပ်ပါတယ်။
- Customize လုပ်နိုင်ခြင်း
.com မှာ Customize ကို ကန့်သတ်ထားပေမယ့် .org မှာ စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။
- Forum Support
.com မှာ Forum Support မရှိပေမယ့် .org အတွက် bbPress, Buddypress တို့လို Forum Support ရှိပါတယ်။
- Site Capability
.com မှာ Single Site သာရပြီး .org မှာ Multi Site ရရှိပါတယ်။
ဘယ်သူတွေအတွက်သင့်တော်မလဲ?
.com က New Blogger တွေနဲ့ Online Resume ဆောက်ဖို့ သင့်တော်ပါတယ်။.org ကတော့ Blogger တွေသာမက စီးပွားဖြစ်ပါ သုံးဖို့ သင့်တော်ပါတယ်။
Ref: WPExplorer