
Employee တွေအလုပ်ခွင်မှာအလုပ်သေချာဘာလို့မလုပ်ကျသလဲ?
16 Dec 2018
အလုပ်ခွင်မှာ အလုပ်အပေါ် အာရုံအပြည့်မထားတဲ့ Employee တွေကြုံဖူးကျမှာပါ။ မိမိလုပ်ရမဲ့အလုပ်ကို သေချာ မလုပ်တဲ့သူတွေ ရေသာခိုတဲ့သူတွေ စသဖြင့် ရှိတတ်ပါတယ်။ ယခုတစ်ခေါက်ဖော်ပြပေးမှာကတော့ သူတို့ဘာကြောင့် မလုပ်တာလဲ ဆိုတဲ့ဖြစ်နိုင်တဲ့ အကြောင်းပြချက် များကိုဖော်ပြပေးပါမယ်...
Expectations
ပထမဆုံးအချက်ကတော့ ထင်မှန်းထားသလို မျော်လင့်သလိုမဖြစ်တာမျိုးပါ။ တချို့သော ဝန်ထမ်းတွေကတော့ သူတို့ကိုယ်သူတို့ လုပ်နေတာပဲဆိုတဲ့အတွေးမျိုးရှိတတ်ကျပါတယ်။ တချို့ကကျတော့အလုပ်နဲ့ပက်သက်တာကို သူတို့ကိုယ်တိုင်ဘာလုပ်ရမယ်မှန်းမသိတာမျိုးပါ။ အဆိုးဆုံးကတော့ အလုပ်ကိစ္စထက် အခြားကိစ္စတွေကပိုပြီးသူတို့စိတ်မှာ အရေးကြီးတယ်လို့ခံယူနေခြင်းပဲဖြစ်ပါတယ်။
Ability
ဒုတိယအချက်ကတော့ အရည်အချင်းပါ။ ဝန်ထမ်းကိုယ်တိုင်က အလုပ်လုပ်ရန် အရည်အချင်းမပြည့်မှီတာမျိုးကိုဆိုလိုတာပါ။ ဘယ်အရာကစပြီးလုပ်လို့လုပ်ရမှန်း မသိတာမျိုး၊ အလုပ်နဲ့တစ်သားတည်းမဖြစ်တာမျိုးတွေအပြင် တချို့ကတော့ လုပ်နိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်မှုမရှိတာမျိုးတွေပါ။
Motivation
ဒီအချက်ကတော့ အလုပ်လုပ်ဖို့ စိတ်ဓာတ်ခွန်အား လိုအပ်နေတဲ့ဝန်ထမ်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ သူတို့အလုပ်ကို လုပ်နိုင်တဲ့အရည်အချင်းရှိပါလျက်နဲ့ မလုပ်ခြင်းမျိုးပါ။ သူတို့လုပ်လိုက်လဲ ဘာမှဖြစ်မှာမဟုတ်ပါဘူးလို့ထင်မြင်တတ်တဲ့သူတွေလဲရှိပါတယ်။
Belief
ဝန်ထမ်းရဲ့ ယုံကြည်မှုပါ။ တချို့သောဝန်ထမ်းတွေဟာ ဘာကြောင့် ကျွန်တော်/ကျွန်မ ကဒီအလုပ်ကိုလုပ်ရတာလဲ? ဘာကြောင့်လဲ? စတဲ့မေးခွန်းတွေနဲ့ လုပ်ဖို့တွန့်ဆုတ်ကျပါတယ်။ နောက်တစ်ချက်ကတော့ ဝန်ထမ်းရဲ့အတွေးမှာ အထက်လူကြီးကခိုင်းတဲ့နည်းလမ်းထက် သူတို့အတွေးအခေါ် နည်းလမ်းက ပိုမိုမှန်ကန်တယ်လို့ ယုံကြည်တဲ့အခါမျိုးတွေဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့အချက်တွေဟာ လုပ်ငန်းခွင်မှာ ဝန်ထမ်းအများစု အလုပ်မလုပ်ရခြင်းရဲ့ ဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေပဲဖြစ်ပါတယ်။
Ref -
thepeopleplan