09 Oct 2018
ဒီတစ်ခေါက် တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာကျော် SmartPhone Brand တွေဖြစ်တဲ့ Apple နဲ့ Samsung တို့ရဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြပေးမယ့် Phone Model တွေကတော့ iPhone XS Max နဲ့ Samsung Galaxy Note 9 တို့ ဖြစ်ပါတယ်။
Processor
Apple iPhone X မှာသုံးတဲ့ Processor က Apple A12 Bionic Chipset Hexa Core နဲ့ Apple GPU
(4-Core Graphic)နဲ့ ဖြစ်ပြီး Samsung Galaxy Note 9 မှာတော့ Exynos 9 Octa 9810 Chipset Octa core အမျိုးအစားနဲ့ GPU Mali-G72 MP18 - EMEA သုံးထားပါတယ်။ ဒီဖုန်း (၂) လုံးစလုံးက ကမ္ဘာကျော် SmartPhone Brand တွေဖြစ်နေတဲ့ အတွက်သုံးရတဲ့ Performance ကတော့ လုံးဝကိုစိတ်ကျေနပ်စရာဖြစ်နေမှာ။
RAM
iPhone XS Max မှာ က 4 GB ပါရှိပြီး Samsung Galaxy Note 9 မှာက 8 GBနဲ့ 6 GB ဆိုပြီး (၂)မျိုး ပါရှိပါတယ်။
Operating System
Operating System ကတော့ iPhone XS Max
မှာ Apple ရဲ့ iOS 12 ဖြစ်ပြီး Samsung Galaxy S9 မှာ Android v8.1 (Oreo) ကို သုံးထားပါတယ်။
Storage
Storage မှာ iPhone XS Max က 64/256/512 GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါပြီး။ Samsung Galaxy Note 9 မှာတော့ 128 GB နဲ့ 512 GB ဆိုပြီး (၂) မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Internal Memory အပြင် External Memory Card ကိုလည်း 512 GB အထိ Support ပေးပါတယ်။
Charging
ဖုန်း ၂ မျိုးလုံးက Quick Charging ကို Support ပေးပါတယ်။
Network and Sim Support
Sim Card ကတော့ iPhone တွေရဲ့ ထုံးစံအတိုင်းမဟုတ်တော့ပဲ Dual Sim ကို Support ပေးထားပါတယ် ၊ ဒါပေမဲ့ Sim Slot တစ်ခုက eSIM အတွက်ဖြစ်ပါတယ်။ Samsung Galaxy Note 9 မှာကတော့ Dual Sim ရပါတယ်။ ဖုန်း ၂ မျိုးလုံး 4G support ပေးပြီး Nano Sim အရွယ်အစားကို အသုံးပြုရမှာဖြစ်ပါတယ်။
Display
iPhone XS Max ကို Super AMOLED နဲ့ ဖွဲ့စည်းထားပြီး 458 ppi 1242 x 2688 Pixels ရှိပါတယ်။ Samsung Galaxy Note 9 ကတော့ Super AMOLED ဖြစ်ပြီး 516 ppi 1440 x 2960 Pixels ရှိပါတယ်။ iPhone XS Max ရဲ့ Screen Size က 6.5 inches ရှိပြီး Samsung Galaxy Note 9 ရဲ့ Screen Size က 6.4 inches ရှိပါတယ်။ Screen Size ကြီးကြီးကြိုက်တဲ့လူကြီးမင်းတွေအတွက်ကတော့ အဆင်ပြေစေမယ့်ဖုန်းလို့ မျှော်လင့်ပါတယ်။
Sensors
Sensors တွေအနေနဲ့ iPhone XS Max မှာတော့ Face ID, Accelerometer, Gyro, Proximity, Compass, Barometer ပါဝင်ပြီး Samsung Galaxy Note 9 မှာတော့ Iris Scanner, Fingerprint (Rear-Mounted), Accelerometer, Gyro, Proximity, Compass, Barometer, Heart rate, SpO2
တို့ပါဝင်ပါတယ်။
Waterproof and Dust Proof
ဖုန်း (၂) လုံးစလုံး Dust Proof ဖြစ်ပြီး Water Resistant ပိုင်းမှာဆိုရင်လည်း ဖုန်း(၂) လုံးစလုံး IP68 ဖြစ်ပါတယ်။
Price
စျေးနှုန်းအနေနဲ့ဆိုရင် iPhone XS Max က $1099 အထက်မှာရှိပြီး၊ Samsung Galaxy Note 9 က $1000 နဲ့အထက်မှာရှိပါတယ်။ နောက်ဆုံးပေါ် နာမည်ကြီး Brand တွေကိုမှ ကိုင်ချင်တယ်ဆိုတဲ့လူကြီးမင်းတွေအတွက်ကတော့ အသင့်တော်ဆုံးဖုန်းနေမယ်လို့ ထင်ပါတယ်။
Ref : gsmarena