12 Jun 2019
Watch time billion hours နဲ့အောင်မြင်မှုရရှိထားတဲ့ YouTube ဟာဆိုရင် Digital Marketing နဲ့ပတ်သတ်ပြီး Marketer တွေစီးပွားရှာဖွေတဲ့ Market Place တစ်ခုဖြစ်လာပါတယ်။ သင့်လုပ်ငန်းကို YouTube မှာ Advertise လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် YouTube နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေ ရှိပါတယါတယ်။ ဒါကြောင့် သိထားသင့်တဲ့ 2019 YouTube Stats တွေကို ဖော်ပြပေးသွားပါမယ်...
ယေဘူယျအားဖြင့် သိထားသင့်တဲ့အချက်တွေကတော့...
-YouTube က ကမ္ဘာ့ဒုတိယ အကြီးဆုံး Search Engine ဖြစ်ပါတယ်
-Google ပြီးရင် YouTube ဟာ Traffic အမြင့်ဆုံး Platform တစ်ခုဖြစ်ပါတယ်
-Google က YouTube ကို 2006 ခုနှစ်မှာ 1.65 billion သုံးပြီး ဝယ်ယူခဲ့ပါတယ်
-YouTube ကို နိုင်ငံပေါင်း 91 နိုင်ငံကျော်နဲ့ ဘာသာစကား 81 နဲ့ အသုံးပြုနိုင်ပါတယ်
-YouTube မှာ တစ်နေ့ကို Video တွေလာရောက် ကြည့်ရှုကြတဲ့ အချိန်ဟာဆိုရင် နေ့စဉ် 1 billion ကျော်ရှိပါတယ်
-YouTube မှာ တစ်နေ့ကို နာရီ 400 ကျော် နေ့စဉ် Upload လုပ်နေကြပါတယ်
-YouTube Mobile Ads တွေဟာဆိုရင် Tv Ads တွေထက် 84% Attention ပိုရှိတာကို တွေ့ရပါတယ်
-YouTube App ဟာဆိုရင် iOS မှာ The Most Popular App 2018 ဖြစ်ခဲ့ပါတယ်
-YouTube ရဲ့ ရေပန်း အစားဆုံး Content Categories တွေကတော့ Comedy, Music, Entertainment/Pop Culture, "How to" တို့ပဲ ဖြစ်ပါတယ်
သိထားသင့်တဲ့ Demographic တွေကတော့...
-YouTube အသုံးပြုတွေရဲ့ အသက်အရွယ် အပိုင်းအခြားကတော့ 18 နှစ်ကနေ 49 နှစ်အတွင်း အများအပြား တွေ့ရှိရပါတယ်
-လစဉ် Active Login User 1.9 billion ရှိပါတယ်
-YouTube Audience 50% ကျော်က အမျိုးသမီးတွေလို့ သိရှိရပါတယ်
-15.8% သော YouTube User တွေက U.S က User တွေဖြစ်ပါတယ်
-YouTube ကိုအများဆုံး အသုံးပြုသူတွေက U.S, India, Japan, Russia နိုင်ငံတို့က ဖြစ်ပါတယ်
နောက်ဆုံး သိထားသင့်တဲ့ YouTube ရဲ့ အချက်တွေကတော့...
-"Me at the zoo" ဆိုတဲ့ Video ကတော့ 23 April 2005 မှာ ပထမဆုံး Upload လုပ်ခဲ့တဲ့ YouTube Video ဖြစ်ပါတယ်
-YouTube ရဲ့ ပထမဆုံး 1 million views ရရှိခဲ့တဲ့ Video ကတော့ 2005 ခုနှစ်မှာ ကမ္ဘာကျော် ဘောလုံးသမား Ronaldinho နဲ့ရိုက်ကူးခဲ့တဲ့ Nike ရဲ့
ကြော်ငြာ Video ပဲဖြစ်ပါတယ်
-အသက်အငယ်ဆုံး YouTuber ကတော့ လက်ရှိ Subscriber 1.9M နဲ့ $22 million ချမ်းသာတဲ့ Ryan ToysReview Channel က Ryan ဆိုတဲ့ ၇ နှစ်အရွယ်
ကောင်လေး ဖြစ်ပါတယ်
- 6.1 billion viewers နဲ့ YouTube မှာ လူကြည့်အများဆုံး Video ကတော့ "Despacito" Luis Fonsi, Featuring-Daddy Yankee တို့ရဲ့ Music Video ပဲဖြစ်ပါ
တယ်။
ယခုဖော်ပြပေးခဲ့ အချက်တွေကတော့ YouTube ရဲ့ သိထားသင့်တဲ့ အချက်တွေဖြစ်တဲ့ အတွက် သိပြီးသားသူတွေရှိသလို၊ မသိသေးတဲ့သူတွေလည်းရှိတဲ့ အတွက်ဝေမျှပေးလိုက်ခြင်း ဖြစ်ပါတယ်။