ဒုတိယအကြီးဆုံး Search Engine ဖြစ်တဲ့ YouTube ဟာဆိုရင်တော့ UI မှာ Comment Section အသစ်တစ်ခုကို စမ်းသပ်နေပါတယ်။ ဒီ Section အသစ်က YouTube Audience အတွက် စိတ်အနှောက်ယှက် ဖြစ်စေမယ့် Comment တွေကို Auto Hide လုပ်ထားပေးမယ့် Section ဖြစ်ပါတယ်။ ဒီ Comment Section ကိုစမ်းသပ်နေတဲ့ ရည်ရွယ်ချက်က YouTube Video တစ်ခုကို ကြည့်ဖို့ ဝင်လိုက်ပြီဆိုရင် Video ရဲ့ အောက်က Comment တွေကို User ကိုမတွေ့စေလိုတဲ့ ရည်ရွယ်ချက်လို့ ယူဆနိုင်ပါတယ်။ Comment တွေကိုတန်းမပြချင်တဲ့ အကြောင်းပြချက်ကတော့ User ဘက်ကိုကြည့်ပြီး လုပ်ပေးတယ်လို့ ပြော လို့ရပါတယ်။ Negative Comment တွေက User တွေကို စိတ်အနှောက်အယှက် ဖြစ်စေရုံ သာမက Platform ကို ထိခိုက်စေပါတယ်။ ဒါကြောင့် Comment Section စမ်းသပ်မှု ထွက်ခဲ့မယ်ဆိုရင်တော့ Like And Share Button တွေဘေးမှာ Comment Button တစ်ခု အသစ်ပါဝင်လာဖြစ်ပါတယ်။ ဒီ Comment Button ပါလာဝင် လာရင်တော့ YouTube Video တွေကိုကြည့်တဲ့ အခါမှာ Comment တွေကို မမြင်ရတော့ပဲ၊ Comment Button ကိုနှိပ်လိုက်မှသာ Comment တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ YouTube ရဲ့ Comment Section မှာလွတ်နေတဲ့ Space တွေအများကြီးပိုနေတာကိုတွေ့ရပါတယ်။ ဒီ စမ်းသပ်မှုမှာဆိုရင်တော့ လွတ်နေတဲ့ Space တွေနေရာမှာ Audience ကိုဖန်စားနိုင်မယ့် အရာတွေကို မြင်တွေ့ ရမယ်လို့ မျှော်လင့်ရပါတယ်။ YouTube ရဲ့စမ်းသပ်နေတဲ့ Comment Section အသစ်ရဲ့ Mobile View ကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply

social sharing buttons