logo
myanmar
Calorie Counting App ကောင်းကောင်း ရှာဖွေနေပါသလား?

Calorie Counting App ကောင်းကောင်း ရှာဖွေနေပါသလား?

02 Jun 2021

ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိဖို့ ကြိုးစားနေတဲ့သူတွေ၊ အရမ်းဝနေလို့ ဝိတ်လျှော့ဖို့ လုပ်နေတဲ့သူတွေ၊ ပိန်နေလို့ ဝိတ်တက်အောင် လုပ်နေတဲ့သူတွေ အစရှိတဲ့သူတွေအတွက် နေ့စဥ်စားသောက်နေတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ Calorie အရေအတွက်တွေကို သိရှိနိုင်ဖို့၊ တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ယခု ဖော်ပြပေးမယ့်သွားမယ့် App တွေက ကောင်းကောင်း အထောက်အကူ ပြုပါလိမ့်မယ်…


Lose it!


ဒီ App ကတော့ Calorie တွက်ချက်ရမှာ အကောင်းဆုံးနဲ့ စိတ်အချရဆုံး App တစ်ခုပဲ ဖြစ်ပါတယ်။ World Wide User ၁၀ သန်းကျော်နဲ့ ဝိတ်ချရန်၊ ဝိတ်တက်လာစေရန် အတွက်လုပ်လောက်တဲ့ Calorie ပမာဏကို တိကျစွာ ဖော်ပြပေးနေတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။


My Fitness Pal


ဒီ App ကတော့ MyFitnessPal Inc. က Develop လုပ်ထားတဲ့ Calorie Counting App တစ်ခုဖြစ်ပါတယ်။ သင်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Calorie ပမာဏနဲ့ လျှော့ပေါ့စားသောက်ရမယ့် Calorie တွေကို Tracking နဲ့ Counting လုပ်ပေးနိုင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ အစားအသောက် အမျိုးအစားပေါင်း ၆ သန်းရဲ့ Calorie ပမာဏတွေကို တိတိကျကျနဲ့ ဖော်ပြပေးထားပါသေးတယ်။


HealthifyMe

ဒီ App ကတော့ Android App တစ်ခုဖြစ်ပြီး Calorie Counting App တစ်ခု အဖြစ်သာမက ပြီးပြည့်စုံတဲ့ Fitness App တစ်ခုလိုလည်း ပြောနိုင်ပါတယ်။ ဒီ App က Provide ပေးထားတဲ့ Function တွေကတော့ Weight Loss Tips, Diet Plans နဲ့ Personal Trainer တို့ပဲ ဖြစ်ပါတယ်။ ဒီ App ထဲက Function တွေကို သေချာ ဂရုတစိုက်ပြုလုပ်ပေးမယ်ဆိုရင် မိတ်ဆွေတို့ လိုချင်တဲ့ Fitness Goal ကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။


အခု ဖော်ပြပေးခဲ့တဲ့ App တွေကတော့ ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အပံ့ပြုပေးနိုင်တဲ့
Calorie Counting App တွေပဲ ဖြစ်ပါတယ်။ ဝိတ်ချနေတဲ့ ဘော်ဒါတွေရှိခဲ့ရင် ဒီ App တွေကို Sharing လုပ်ပေးနိုင်ပါတယ်။

Recent posts