logo
myanmar
Social Media စတင်လာခြင်း

Social Media စတင်လာခြင်း

07 Nov 2022

ဒီတစ်ခါမှာတော့ Social Media ဘယ်အချိန်လောက်မှာ စတင်ပေါ်ပေါက်ခဲ့လဲ ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Social Media Channel တွေဟာ 2000 ခုနှစ်လောက်ကထဲကစတင်ပြန့်နှံ့လာပြီးယခုအချိန်မှာတော့ လူတွေဟာ ပျမ်းမျှ ၁၃၅ မိနစ်လောက်အချိန်ကို Social Media Channel တွေဖြစ်တဲ့ Facebook , Instagram, Twitter စတာပေါ်မှာနေ့စဉ်ကုန်ဆုံးကျတယ်လို့ဆိုပါတယ်။ ယခုအချိန်မှာ Social Media Channel တွေမရှိရင်မဖြစ်တော့တဲ့အခြေအနေထိ တိုးတက်လာပါတယ်။ အဆိုပါ Social Media စတင်ခဲ့တာဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်ထဲကပါ။ ၁၈၄၄ ခုနှစ်ကထဲက Simual Morse ဆိုသူဟာ Social Media နဲ့ပက်သက်တဲ့ခြေလှမ်းအစဖြစ်တဲ့အကြံအစည်အချို့ကို Telegraph ဖြင့် Washington DC ကနေ Baltimore ကိုပေးပို့ခဲ့ပါတယ်။


၁၉၆၉ ခုနှစ်မှာတော့ ARPN ဆိုတဲ့အဖွဲ့အစည်းဟာလည်း Social Media အတွက်အကြံအစည် အချို့ ကိုကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပါဘူး။၁၉၉၇ မှာတော့ Six degressလို့ခေါ်တဲ့ပထမဆုံး Social Site တစ်ခုပေါ်ပေါက်ခဲ့ပြီး User ပေါင်း ၁ သန်းခန့် Profile တွေဖန်တီး Friend ပြုလုပ်လို့ရခဲ့ပြီး ၂၀၀၁ ခုနှစ်အထိအသုံးပြုခဲ့ကျပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ အတွေးအခေါ်တွေ ထင်မြင်ချက်တွေ ရေးတဲ့ Blog တွေပေါ်ပေါက်လာပါတယ်။၂၀၀၃ ခုနှစ်မှာတော့ LinkedIn ဟာ User တွေအတွက် Resume နဲ့ Private Message တွေအသုံးပြုလို့ရအောင်ပြုလုပ်ခဲ့ပါတယ်။


၂၀၀၄ ခုနှစ်မှာတော့ Google ကသူရဲ့မူပိုင် Email Service ဖြစ်တဲ့ Gmail ကိုဖန်တီးခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာတော့ Facebook ကို Mark Zuckerberg ကသူ့ရဲ့ Harvard တက္ကသိုလ်ကအခန်းဖော်သူ ငယ်ချင်းတွေနဲ့တီထွင်ခဲ့ပါတယ်။ အစပထမမှာတော့ Harvard တက္ကသိုလ်ကျောင်းသားတွေ အဖို့သာတီထွင်ခဲ့ပေမဲ့နောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းအထိပြန့်နှံ့ခဲ့ပြီး ၁၄ နှစ်အတွင်း ၂.၂ ဘီလီယံကျော် User တွေရရှိခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ Video တွေကို Upload နဲ့ Share လုပ်နိုင်တဲ့ YouTube ပေါ်ပေါက်လာပါတယ်။၂၀၀၆ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ Myspace ဆိုတဲ့ Social network ဟာ US မှာတော့ အဆိုပါနှစ်မှာအလွန်ရေပန်းစားခဲ့ပါတယ်။ဒါပေမဲ့ ၃ နှစ်ပမာဏလောက်သာပါပဲ။


အဲ့နောက်မှာတော့ ၂၀၀၆ ခုနှစ်ဇူလိုင်လ မှာTwitter ပေါ်ပေါက်လာပါတယ်။၂၀၁၀ ခုနှစ်မှာတော့ Instagram ပေါ်ထွက်လာပါပြီ။ ၂၀၁၁ ခုနှစ်မှာ Image Messaging Application ဖြစ်တဲ့ Snapchat ပေါ်ပေါက်လာပြီး ယခုအချိန်ထိရေ ပန်းစားဆဲပါ။ ၂၀၁၈ ခုနှစ်မှာတော့ Virtual Reality, Live Video နဲ့ 360 Degree Video အပြင်အခြားသော Video Content တွေဟာ Social Media Channel တွေဖြစ်တဲ့ Facebook, Twitter နဲ့ Instagram တို့မှာ ရေပန်းစာလာပါတယ်။ နောင်အနာဂတ်မှာလဲ ဘယ်လို Social Media Channel တွေပေါ်ထွက်လာဦးမလဲ စောင့်ကြည့်ကျရဦးမှာပါပဲ။


Recent posts