logo
myanmar
2021 အကောင်းဆုံး Offline Game (၃) ခု

2021 အကောင်းဆုံး Offline Game (၃) ခု

02 Feb 2021

အင်တာနက်လိုင်း အခက်အခဲဖြစ်နေတဲ့အချိန်မျိုးတွေ၊ လိုင်းမမိတဲ့ နေရာဒေသမျိုးတွေကို ရောက်နေတဲ့ အချိန်မျိုးတွေ အစရှိတဲ့ ကာလတွေမှာ မိတ်ဆွေတို့အတွက် စိတ်ပြေလက်ပျောက် စိတ်အပန်းဖြေနိုင်ဖို့ အင်တာနက်မလိုတဲ့ Music, Video, Books နဲ့ Game အစရှိတဲ့ အရာတွေက ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒီအရာတွေထဲမှာက အင်တာနက်မလိုတဲ့ 2021 အကောင်းဆုံး Offline Game (၃) ခုကို မိတ်ဆွေတို့ အတွက် ဖော်ပြပေးသွားပါမယ်။ ဒီ Offline Game တွေကိုတော့ Android Device တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်…


Alto’s Odyssey

ဒီ Game ကတော့ Android Game တွေထဲမှာ အကောင်းဆုံး Side-scrolling Infinite Game တစ်မျိုး ဖြစ်ပါတယ်။ Game ထဲမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ် Game Play Feature တွေနဲ့ ရွှေပြားတွေကို စုဆောင်းပြီး ခရီးဆက်ရမယ့် Game အမျိုးအစား တစ်ခုလည်း ဖြစ်ပါသေးတယ်။


Bloons TD 6

Bloons TD 6 ကတော့ ခပ်မိုက်မိုက် Classic Tower Defense Game အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Hero တွေ Tower တွေကို Upgrade အဆင့်ဆင့်လုပ်ပြီး လမ်းတစ်လျှောက် Tower တွေဆောက်ပြီး လာတိုက်ခိုက်တဲ့ ရန်သူတွေကို ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။ Offline Game ဆိုပေမယ့် In-app Purchase လုပ်ပြီး ထပ်တိုး Feature တွေကိုလည်း ဝယ်ယူနိုင်ပါတယ်။


Crashlands

အန္တရာယ်များတဲ့ ကျွန်းပေါ်မှာ Base ဆောက်ပြီး ရန်သူတွေ့ကို ခုခံရတဲ့ Game တစ်မျိုး ဖြစ်ပါတယ်။ Game ရဲ့ တိုက်ခိုက်မှုပုံစံက ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်ပြီး Offline ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ထပ်ဆောင်း Feature တွေနဲ့ ကစားချင်ရင်တော့ In-app Purchase လုပ်ပြီး ကစားနိုင်ပါတယ်။


ဒီ Game တွေကတော့ အင်တာနက်မရှိတဲ့ အချိန်မျိုးတွေ၊ အင်တာနက်လိုင်း မရတဲ့ နေရာဒေသတွေမှာ Game တွေဆော့ချင်တဲ့ မိတ်ဆွေတွေအတွက် 2021 အကောင်းဆုံး Offline Game (၃) ခုပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ ကစားနေတဲ့ Offline Game ကောင်းကောင်းတွေရှိရင်လည်း ပြန်လည်ဝေမျှနိုင်ပါတယ်။


Recent posts