15 Sept 2022
Photo-Sharing Platform အကြောင်းကို ပြောကြမယ်ဆိုရင် Instagram က ထိပ်ဆုံးကနေ ပါတတ်ပါတယ်။ သူကတော့ Photo နဲ့ Video တွေကို အခမဲ့ Sharing လုပ်နိုင်တဲ့ Facebook ကပိုင်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း လစဥ် အသုံးပြုသူ တစ်သန်းကျော် ရှိနေပါပြီ။ ဒီ Instagram နဲ့ ပတ်သတ်ပြီး လူကြိုက်များရတဲ့ အချက်ကတော့ Photo နဲ့ Video Sharing အပါအဝင် အခြား Feature တွေကိုလည်း Offer ပေးထားတဲ့အတွက် ဖြစ်ပါတယ်။ ဒီ Feature တွေကတော့ Reels, IGTV, Stores နဲ့အခြား Feature တွေပဲ ဖြစ်ပါတယ်။ နိုင်ငံအချို့မှာ TikTok ကို Ban လိုက်တဲ့အချိန်မှာတော့ ဒီ Instagram Feature ဖြစ်တဲ့ Reels တွေခေတ်စားလာတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Instagram မှာ Reels တွေကို Edit လုပ်တဲ့ အခါမှာ အကောင်းဆုံးဖြစ်စေမယ့် App (၂) ခုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်…
InShot
သင်ဟာ Instagram Reels တွေကို မကြာခဏကြည့်ဖြစ်တယ်ဆိုရင် Vertical Video တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Instagram Reels တင်တဲ့အခါမှာ သင်က Landscape Video အနေနဲ့ တင်လိုက်တယ်ဆိုရင် ထွက်လာတဲ့ Video Outcome ကအချိုးအစား မညီညာတာကို တွေ့မြင်ရပါမယ်။ ကြည့်ရတာအဆင်ပြေစေမယ့် Video Outcome ရလာဖို့ဆိုရင်တော့ Landscape Video ကို Vertical အဖြစ် ပြောင်းဖို့လိုအပ်ပါလိမ့်မယ်။ ဒီပြဿနာမျိုးတွေကိုတော့ ဒီ InShot Video Editing App အကောင်းဆုံး ဖြေရှင်းနိုင်မယ့် App တစ်ခု ဖြစ်ပါတယ်။ ဒါကတော့ Original Video ကို Blurred Version နဲ့ Dynamic Background တစ်ခုထပ်မံ ထုပ်ပေးပြီး Aspect Ratio ချိန်ညှိသွားပေးမှာပဲ ဖြစ်ပါတယ်။ ဒီ App ကိုတော့ Android Device တွေမှာ အသုံးပြုနိုင်ပါတယ်။
FilmoraGo
ဒီ App ကတော့ သင်တင်မယ့် Instagram Reels မှာ အကောင်းဆုံး Viral Short Video တွေကို Edit လုပ်ပြီး Publish လုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ App ကဘာကြောင့် အကောင်းဆုံး Reels Editing App စာရင်းထဲမှာ ပါဝင်နေရသလဲဆိုတော့ Video Playback Problem တွေကို ကောင်းကောင်း ဖြေရှင်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
Instagram မှာတော့ Video တွေရဲ့ Speed ကို Slow Down လုပ်နိုင်တဲ့ Speed က 0.5x (သို့) 0.3x အထိပဲ ပေးထားပါတယ်။ FlimoraGo မှာတော့ Video Speed ပိုပြီး Adjust လုပ်နိုင်မယ့် Option မျိုးကို Offer ပေးထားပါတယ်။ ဒါကတော့ Slow Down Speed ကို 0.1x အထိလျှော့ချနိုင်ပြီး Speed Up ကတော့ 5x အထိတင်နိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ် အလုပ်ရှုပ်သက်သာစေမယ့် အချက်တစ်ချက်ကတော့ ဒီ App ကနေပြီး Instagram ပေါ်ကို Video Direct Export လုပ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီ App (၂) ခုကတော့ လက်ရှိအချိန်မှာ Instagram Reels Edit လုပ်တဲ့နေရာမှာ အကောင်းဆုံးလို့ ပြောနိုင်တဲ့ App (၂) ခုပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဒီ App တွေကို အသုံးပြုပြီး Reels အမိုက်စားတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။