logo
myanmar
ဆန်းသစ်တဲ့ Design တွေဖန်တီးနိုင်ဖို့အတွက်

ဆန်းသစ်တဲ့ Design တွေဖန်တီးနိုင်ဖို့အတွက်

12 Nov 2020

ခေတ်မီတိုးတက်လာတာနဲ့အမျှ နယ်ပယ်မျိုးစုံမှာ သူထက်ငါ့အပြိုင် လုပ်ငန်းတွေကို Creative ဖြစ်တဲ့ Design တွေကိုဖန်တီးပြီး ကြော်ငြာတွေ၊ Promotion တွေပြုလုပ်နေကျပါတယ်။ Social Media နယ်ပယ်မှာလည်း စီးပွားရေးအတွက်အသုံးပြုတော့မယ်ဆိုရင်ရင် Content တွေကိုတော့ မရှိမဖြစ်ဖန်တီး ရမှာဖြစ်ပြီး၊ Content တွေကြီးပဲဆိုရင်လည်း Engagement က ရသင့်သလောက်မရနိုင်ပါဘူး။ Image တွေလည်းပါဝင်မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒီတော့ Image တွေကိုဖန်တီးဖို့ခက်ခဲနေတဲ့သူတွေ၊ Image ဖန်တီးဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် Image အလန်းစားတွေနဲ့ မိမိစိတ်ကြိုက် Logo လေးတွေဖန်တီး
နိုင်မဲ့ Image Resources လေး Canva ကိုဖော်ပြပေးပါမယ်…..

ဒီ Canva ဟာ Social Media အတွက် Image အမိုက်စားတွေကိုရရှိနိုင်မှာဖြစ်ပြီး Facebook, Google Account တွေနဲ့ Sign In ပြုလုပ်နိုင်ပါတယ်။ Canva မှာ ရရှိနိုင်တဲ့ Image Design အများအပြားရရှိနိုင်ပါ တယ်။ ဘယ်လိုအမျိုးအစားတွေလည်းဆိုရင် Presentation, Poster, Facebook Cover, Instagram Post, Twitter Post အစရှိတဲ့ Social Media Network တွေမှာအသုံးဝင်တဲ့ Image Design တွေကို ဖန်တီးနိုင်တဲ့ Resource လေးဖြစ်ပါတယ်။ Social Media အတွက်မဟုတ်ပဲ အခြားကဏ္ဍတွေအတွက် လည်းအသုံးပြုနိုင်တာဖြစ်တဲ့အတွက် တော်တေ်ာကိုအသုံးဝင်တဲ့ Image Resource လေးတစ်ခုဖြစ်ပါ တယ်။ Mobile Apps အနေနဲ့လည်းထွက်ရှိထားတဲ့အတွက် PC User တွေကော Mobile User တွေ ကောအသုံးပြုနိုင်မယ့် Image Resource လေးတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ဒီ Canva ကိုအသုံးချင်တယ်ဆိုရင် Canva ဆိုတဲ့ စာလုံးလေးကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်၊ Mobile Phone User တွေအနေနဲ့လည်း Download ပြုလုပ်နိုင်ပါတယ်။


မိမိအသုံးပြုနေတဲ့ OS အပေါ်မူတည်ပြီး Download ပြုလုပ်နိုင်ပါတယ်။ Canva ကိုသုံးပြီး အကောင်းဆုံး Image Design တွေကိုဖန်တီးကြမယ်လို့ မျှော်လင့်ပါတယ်။

Canva For PC User

Canva For Android User

Canva For iOS User

Recent posts