logo
myanmar
အကောင်းဆုံး Online Video Editing Apps အချို့

အကောင်းဆုံး Online Video Editing Apps အချို့

25 Jun 2022

မိမိတို့ရဲ့ Social Media Content တွေကို လူအများရဲ့ စိတ်ဝင်စားခြင်းခံရဖို့အတွက် Idea မျိုးစုံနဲ့ ဖန်တီးကြရပါတယ်။ ဒီလို Content Idea မျိုးတွေထဲမှာမှ Video Content တွေကလည်း လူတွေ စိတ်ဝင်စားခြင်းခံရတဲ့ Content တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် Internet လိုင်းကောင်းကောင်း ရှိရုံနဲ့ Video Content တွေဖန်တီးနိုင်မယ့် Apps အချို့ကို ‌Sharing လုပ်ပေးသွားချင်ပါတယ်။ ဒီ App တွေအပြင် သူတို့ရဲ့ အားနည်းချက် အာသာချက်တွေကိုပါ ဖော်ပြသွားပါမယ်…


CANVA

Cross-Platform တွေအတွက် အလွယ်ကူဆုံး ဖန်တီးနိုင်ပြီး Endless Templates တွေကို အသုံးပြုနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ Free Version မှာဆိုရင် Stock Image နဲ့ Video တွေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။


JITTER

ရိုးရှင်းတဲ့ User Interface ရှိပြီး Template တွေကို အလွယ်တကူ အသုံးပြုပြီး Content ဖန်တီးနိုင်ပါတယ်။ Free Version မှာတော့ Video Output ထုတ်တဲ့အခါမှာ Watermark ပါနေမှာဖြစ်ပြီး 720p အထိပဲ ထုတ်နိုင်မှာ ဖြစ်ပါတယ်။


WAVE

ရိုးရှင်းတဲ့ User Interface ရှိပြီး များစွာသော Template တွေနဲ့ Music Option တွေကို အသုံးပြုနိုင်ပါတယ်။ Free Version မှာတော့ Editing ပိုင်းမှာ ကန့်သတ်ချက် အချို့ရှိပြီး 15 sec Video သာ Output ထုတ်နိုင်မှာ ဖြစ်ပါတယ်။


CLIPCHAMP

Powerful ဖြစ်တဲ့ Editing Abilities တွေနဲ့ မြောက်မြားစွာသော Stock Image နဲ့ Effect တွေကို သုံးပြီး Content တွေဖန်တီးနိုင်ပါတယ်။ Free Version မှာတော့ 480p Resolution အထိသာ Output ထုတ်နိုင်မှာ ဖြစ်ပါတယ်။


ဒီ App တွေကတော့ အကောင်းဆုံး Online Video Editing App တွေပဲ ဖြစ်ပါတယ်။ Internet လိုင်းကောင်းကောင်း ရှိရုံနဲ့ အကောင်းဆုံး Video Content တွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Recent posts