logo
myanmar
2021 ရဲ့အကောင်းဆုံး VPN Trails များ

2021 ရဲ့အကောင်းဆုံး VPN Trails များ

10 Mar 2021

အခုဖော်ပြပေးမှာကတော့ 2021 ရဲ့အကောင်းဆုံးလို့ဆိုနိုင်တဲ့ VPN တွေပဲဖြစ်ပါတယ်။Premium စမသုံးခင် အဆင်ပြေမပြေ Free စမ်းသုံးကြည့်လို့ရတဲ့အကောင်းဆုံး VPN တွေဖြစ်ပါတယ်။အမြန်ဆုံး Speed နဲ့ Streaming, Browsing နဲ့ Torrenting တွေလုပ်နိုင်မဲ့အပြင် ကမ္ဘာပေါ်ကမည်သည့်နေရာက Website တွေနဲ့မဆို ချိတ်ဆက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။သင့်ရဲ့ Data တွေကိုလဲလုံခြုံအောင်ကာကွယ်နိုင်တဲ့ Secure Encryptions တွေလဲပါတာမို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။


Express Vpn


ရက် ၃၀ လုံး အမေးအမြန်းမရှိအသုံးပြုနိုင်ပြီး မြန်နှုန်းအမြင့်ဆုံး Vpn ဖြစ်ပါတယ်။Easy to use ဖြစ်တဲ့ Software ဖြစ်တဲ့အပြင် Click တစ်ချက်နှိပ်ရုံနဲ့အလွယ်တကူအသုံးပြုနိုင်ပါတယ်။Device 5 ခုမှာချိတ်ဆက်အသုံးပြုနိုင်ပြီးနိုင်ငံပေါင်း 94 နိုင်ငံမှာအသုံးပြုနိုင်ပါတယ်။


Surfshark


တစ်လ Free Trail ပါရှိပြီး နိုင်ငံပေါင်း 50 ကျော်အသုံးပြုနိုင်ပါတယ်။Window, Ios နဲ့ Android တွေမှာအသုံးပြုနိုင်ပြီး Unlimited Access ဖြစ်ပါတယ်။


CyberGhost


45 Day Money Back Guarantee ပါရှိပြီး Streaming နဲ့ Torrenting လုပ်ဖို့အကောင်းဆုံး ပဲဖြစ်ပါတယ်။Device 6 ခုမှာချိတ်ဆက်အသုံးပြုနိုင်ပြီး နိုင်ငံပေါင်း 60 ကျော်အသုံးပြုနိုင်ပါတယ်


NordVpn


7 days Unlimited Access ပါရှိပြီး Netflix, ESPN, BBC iplayer နဲ့အခြားများစွာသော နေရာစုံက Site တွေနဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။Smart phone တွေရော Desktop တွေမှာပါအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်


ဒီ VPN Trails တွေကို အသုံးပြုကြည့်ပြီး မိတ်ဆွေတို့ သုံးရတာ အဆင်ပြေတဲ့ VPN တွေကိုလည်း ပြန်လည် ဖော်ပြပေးသွားနိုင်ပါတယ်။

Recent posts