logo
myanmar
Social Media Post တွေတင်တဲ့အခါမှာ ဘာတွေသိထားသင့်သလဲ?

Social Media Post တွေတင်တဲ့အခါမှာ ဘာတွေသိထားသင့်သလဲ?

15 Oct 2022

ယခုအချိန် Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media Post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...


(1) သင်တင်တဲ့ Content တွေဟာ သင့်ရဲ့ Audiences တွေအတွက် အကျိုးရှိပြီးအသုံးဝင်တဲ့ Content တွေဖြစ်ရဲ့လားဆိုတာအမြဲစစ်ဆေးသင့်ပါတယ်။


(2) သင့်ရဲ့ Reader တွေနှစ်သက်တဲ့ Content မျိုးဖြစ်ရဲ့လားဆိုတာလဲဆန်းစစ်ပေးပါ။ သင့်ရဲ့အမာခံ Reader တွေဖတ်ချင်တဲ့ Content မျိုးဖြစ်မှသာ Real Fan or customer တွေကိုရရှိမှာဖြစ်ပါတယ်။


(3) သင်ရေးနေတဲ့ Content တွေကို သင့်ရဲ့ Website နဲ့ အခြား Social Media မှာရောအမြဲတင်ဖြစ်ရဲ့ လားဆိုတာလဲ သတိထားသင့်ပါတယ်။ဒါမှသာ သင့်ရဲ့ Social Media Account တွေဟာအမြဲ Active ဖြစ်နေမှာပါ။


(4) သင်တင်တဲ့ Content မှာပါဝင်တဲ့ Image တွေကိုလည်းအမြဲဂရုတစိုက် စစ်ဆေးသင့်ပါတယ်။Image ရဲ့ Quality နဲ့ တင်တဲ့ Post နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးသင့်ပါတယ်။


(5) သင်တင်တဲ့ Post မှာလိုအပ်တဲ့ Targeted keyword တွေပါဝင်ဖို့လိုတာကိုလည်းသတိပြုပေးပါ။


(6) အဓိကသတိထားသင့်တာတော့ Spelling လဲပါဝင်ပါတယ်။ Spelling မှန်မမှန် Post တင်ခါနီးတိုင်း Check လုပ်ပေးသင့်ပါတယ်။


(7) သင်ရေးတဲ့ Content တွေဟာ Conversational ဖြစ်ရဲ့လားဆိုတာလည်း ဂရုစိုက်ပေးသင့်ပါတယ်။


ဒီအချက်တွေကို သင့်သိထားမယ်ဆိုရင် Social Media Platform ပေါ်မှာ Post တွေကို ကောင်းကောင်း ကိုင်တွယ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။


Recent posts