logo
myanmar
Messenger Chatbot တွေမှာရှိသင့်တဲ့အချက်များ

Messenger Chatbot တွေမှာရှိသင့်တဲ့အချက်များ

09 Nov 2018

Facebook Messenger Chatbot တွေဟာဆိုရင်သင့်ရဲ့ Facebook Marketing Strategy အတွက်အလွန်အရေးပါတဲ့နည်းလမ်းတစ်ခုပါ။ Messenger Chatbot တွေဟာဆိုရင် Facebook Posts နဲ့ Email Marketing နည်းလမ်းတွေထက် 80% ပိုမိုသာလွန်တဲ့ Engagement ကိုရရှိစေပါတယ်။ ဒါတင်လားဆိုရင်တော့မဟုတ်ပါဘူး Messenger Chatbots တွေမှတစ်ဆင့် Customer နဲ့ပက်သက်တဲ့ Contact Information တွေကိုရရှိစေပါတယ်။ သင်ဟာ Messenger Chatbot ကိုအသုံးပြုမယ်ဆိုရင် ယခုဖော်ပြပေးမဲ့ အချက်တွေကိုတော့ သတိထားဖို့လိုပါတယ်။

1. Chatbot မှာအသုံးပြုတဲ့စကားအသွားအလာက Reply တွေဟာ သဘာဝဆန်ဆန်ဖြစ်ရပါမယ်။သင့်ရဲ့ Reply လူတစ်ယောက်ပြန်ပြောနေသကဲ့သို့ ဖြစ်နေရပါမယ်။ User ဟာ Chatbot နဲ့ အပြန်အလှန်ပြောနေ ရတာကို သိနေသည့်တိုင် Chatbot နဲ့ပြောနေရတယ်လို့ မခံစားမိအောင် သတိထားရပါမယ်။

2.သင့်ရဲ့ Chatbot ဟာ User တွေမေးတဲ့မကြာခဏမေးတဲ့မေးခွန်းတွေကိုဖြေပေးနိုင်ရုံနဲ့ မလုံလောက် သေးပါဘူး။ User တွေလိုအပ်တဲ့ သိလိုတဲ့ အရာကို ခန့်မှန်းတတ်ဖို့လိုအပ်ပြီး ချက်ချင်း တုံ့ပြန်နိုင်စွမ်းရှိဖို့လဲလိုပါတယ်။

3.သင့်ရဲ့ Chatbot ဟာ Conversation တွေကိုဦးဆောင်နိုင်ရပါမယ်။ User နဲ့အရင်ပြောဆိုထားတဲ့ Conversation အခြေအနေကိုမူတည်ပြီး နောက်ထပ်လိုအပ်မဲ့ ပေးသင့်တဲ့ Suggestion တွေကိုတတ်နိုင်သမျှပေးတတ်ရပါမယ်။

4.သင့်ရဲ့ Chatbot Design ကိုဘယ်လိုပဲအမိုက်စားပြုလုပ်ထားပါစေ User တွေလိုအပ်တဲ့ အရာ ကိုဦးစားပေးတုံ့ပြန်နိုင်ဖို့ သာ အဓိကပါ။ User တွေမေးတဲ့အရာ နဲ့ နောက်ထပ်သိလိုတဲ့အရာတွေကို User တွေမမေးသည့်တိုင် ဖြေပေးနိုင်ဖို့ ဖြေရှင်းပေးနိုင်ဖို့လိုပါတယ်။ User တွေစာရိုက်စရာမလိုပဲ Tap လုပ်လိုက်ရုံနဲ့ အဖြေပေးနိုင်အောင်ပြုလုပ်ရပါမယ်။

Ref-Inc.com

Recent posts