20 Aug 2022
Digital Sale နဲ့ Marketing နယ်ပယ်တွေမှာ Chatbot အသုံးပြုတွေက ပိုပိုပြီးများပြားလာတာကို တွေ့မြင်လာရပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးပြုတဲ့ Chatbot တွေကို Product Information, FAQ တွေကို Customer လာမေးတဲ့အခါမှာ 24/7 အဆင်သင့် ဖြစ်နေစေဖို့ အတွက် အကောင်းဆုံးမွန်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အသုံးပြုနေကြတာပါ။ ဒီလိုခေတ်နဲ့အညီ ကိုယ့်စီးပွားရေးလုပ်ငန်းကို တိုးတက်လာဖို့ လုပ်ကိုင်ကြတဲ့နေရာမှာ သတိမထားမိတဲ့ အမှားတွေ၊ သိထားသင့်တဲ့ အချက်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ Chatbot Marketing နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သတိထားပြီး ရှောင်ရှားသင့်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် Chatbot အသုံးပြုတော့မယ်ဆိုရင် ကြိုပြီး သတိထားနိုင်စေမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်…
စီးပွားရေးလုပ်ငန်း အများစုလွဲမှားနေတတ်တဲ့ အရာကတော့ Chatbot တွေကို ခိုင်မာတိကျတဲ့ Marketing Strategy မလုပ်ပေးထားပဲ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ Chatbot ဆိုတာ Tool တစ်မျိုးပဲဖြစ်တဲ့အတွက် Chatbot ကိုသုံးပြီး Stranger ကနေ Loyal Customer ဖြစ်လာစေချင်တယ်ဆိုရင် သင့်မှာ Plan ကောင်းကောင်းလိုအပ်ပါတယ်။ ဒီလို Plan ကောင်းကောင်းလုပ်ထားမှသာ Business Goal နဲ့ Chatbot ရဲ့လုပ်ဆောင်ချက်က ကိုက်ညီနေမှာ ဖြစ်ပါတယ်။ ဥပမာ - Drive Traffic, Transaction, Revenue အစရှိတဲ့ Goal တွေကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
နောက်ထပ် သတိထားသင့်တဲ့အချက် တစ်ချက်ကတော့ သင်အသုံးပြုတဲ့ Chatbot က Customer တွေဖက်ကို Product Info, Branding အစရှိတာတွေကို အတင်း Pushing လုပ်တဲ့ အမှုအရာတွေ၊ Spamming လုပ်တာတွေကို သတိထားသင့်ပါတယ်။ ဒီအချက်တွေကို ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Customer က သင့် Website/Page က Product ကို Chatbot နဲ့ Communicate လုပ်ပြီး ဝယ်သွားခဲ့တာကို Chatbot ကထပ်ပြီး Upcoming Sales နဲ့ Discounts တွေကိုအတင်း လိုက်ပြီး Pushing လိုက်လုပ်နေတာမျိုးတွေကို ဆိုလိုတာပါ။ ဒီအချက်ကို Customer ဘက်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အချက်ဖြစ်တဲ့အတွက် အထူးသတိထားဖို့လိုအပ်ပါတယ်။
Chatbot Tool တွေမသုံးခင်မှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Information ကို Customer ရဲ့ Communication နဲ့အဆင်ပြေနေဆိုဖို့ အတွက် (ကွက်တိမဟုတ်ရင်တောင် အနီးစပ်ဆုံး အဖြေ) ကိုအကြိမ်ကြိမ် Testing လုပ်ပေးဖို့ လိုအပ်ပါတယ်။ Chatbot မှာပါဝင်တဲ့ Feature တွေက ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီနေမှသာ တကယ်တမ်း လက်တွေ့ အသုံးပြုတဲ့အခါမှာ Productive ဖြစ်နေမှာပါ။ Testing အားနည်းခဲ့မယ်ဆိုရင်တော့ လက်တွေ့အသုံးပြုတဲ့အခါမှာ အဆင်မပြေမှုတွေ၊ Error တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။
Chatbot တွေကို Smart ကျအောင် Setup လုပ်ပြီး သင့်လုပ်ငန်းပိုမိုတိုးတက်လာအောင် ဆောင်ရွက်လို့ရပါတယ်။ ဒီလို တိုးတက်လာဖို့အတွက်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို သတိထားပြီး၊ ရှောင်ရှားသင့်တဲ့ အချက်တွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး မိတ်ဆွေရဲ့ လုပ်ငန်းပိုမိုတိုးတက်လာအောင် ဆောင်ရွက်လိုက်ပါ။