Facebook က Engagement တက်လာစေရန်စမ်းသပ်မှုတစ်ခုပြုလုပ်
07 Dec 2018
Facebook က Engagement ပိုင်းကို ပိုပြီး အသားပေးချင်တဲ့ သဘောရှိနေပါတယ်။ ယခုတစ်ခေါက်ဖော်ပြပေးသွားက Facebook က ဘာတွေစမ်းသပ်နေလဲ ဆိုတာကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကဲ Facebook ကဘာတွေစမ်းသပ်နေတာလဲဆိုရင်တော့ Facebook Post တိုင်းရဲ့ Comment တွေကိုပါ တိုင်းတာနိုင်မဲ့ Option တစ်ခုဖြစ်တဲ့ ‘ Comment Quality’ ဆိုတဲ့ Feedback Option လေးတစ်ခုပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် Audience တွေထဲမှာ တစ်ချို့ သော Audience တွေက Post တစ်ခုကို
ကြည့်မယ်ဆိုရင် Comment တွေကို အရင်ဖတ်ပြီးမှ ဝင်ကြည့်တတ်ကျပါတယ်။
Facebook ကလည်း Comment တွေနဲ့ ပါ Engagement ကို ပိုပြီးရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စမ်းသပ်နေတာလဲ ဖြစ်နိုင်ပါတယ်။ ဒီ ‘ Comment Quality’ ဆိုတဲ့ Option ကဘယ်လိုလဲဆိုရင်တော့ Comment တွေရဲ့ အောက်မှာ Like, Reply ဆိုတဲ့ Button လေး ၂ ခုပါဝင်တာကို Facebook User တိုင်းသိကျမှာပါ၊ ဒီ‘ Comment Quality’ ကတော့ အပေါ်အောက် ညွှန်ပြနေတဲ့ မြားပုံစံ Button လေး ၂ ခုပါဝင်လာမှာဖြစ်ပါတယ်။ သူတို့ရဲ့ Caption လေးတွေကတော့ Support Better Comment နဲ့ Stop Bad Comment ဆိုပြီးရေးထားပါတယ်။
ဒီ Option ကိုသာ စမ်းသပ်ပြီး Update ပြုလုပ်ခဲ့မယ်ဆိုရင်တော့ Facebook နဲ့ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့လုပ်ငန်းတွေအတွက်ဆိုရင် Comment တွေကိုပါကြည့်ပြီး ဘယ် Service ဘယ် Product က Audience နဲ့ပိုပြီး သင့်တော်မယ်ဆိုတာကို သိရှိရမှာဖြစ်ပြီ Engagement ပိုရမယ့် နည်းလမ်းတွေကို ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။
Ref - socialmediatoday