logo
myanmar
Content တစ်ပုဒ်အတွက် လုံးဝသတိထားသင့်တဲ့ အချက် (၄) ချက်

Content တစ်ပုဒ်အတွက် လုံးဝသတိထားသင့်တဲ့ အချက် (၄) ချက်

12 Oct 2020

တစ်နေ့မှာ Content ဘယ်လောက်များများရေးနိုင်တယ်ဆိုတာ ထက်တန်ဖိုးရှိတဲ့ ပြောင်မြောက်တဲ့ Content တွေဖန်တီးနိုင်ဖို့ဆိုတာပိုအရေးကြီးပါတယ်။ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ Social Media Platform တွေကိုအသုံးချပြီးဈေးကွက်ချဲ့ထွင်လာတာနဲ့အညီ Social Media မှာ audience ကိုဆွဲဆောင်နိုင်မဲ့ ပြောင်မြောက်တဲ့ Content တွေကိုရေးသားနိုင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်။

Social Media မှာအောင်မြင်မဲ့သော့ချက်ဟာ Audience တွေကိုတန်ဖိုးရှိတဲ့အကြောင်း အရာတွေကိုရေး သားဆွဲဆောင်ဖို့ပါ။ Content ရေးခြင်းဟာအပြောလွယ်သလောက် လက်တွေ့မှာလုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ပြောင်မြောက်တဲ့ Content တစ်ခုရဖို့ အတွက် အတွေးအခေါ် စိတ်နေစိတ်ထား စိတ်ပါဝင်စားမှု လေ့လာ နိုင်စွမ်း စတဲ့အချက်တွေများစွာလိုအပ်ပါတယ်။ ဒါကြောင့်မို့ Content တစ်ပုဒ် ဖန်တီးတော့မယ်ဆိုရင် လုံးဝ သတိထားလေ့လာသင့်တဲ့ အချက် (၄) ချက်ကိုဖော်ပြပေးပါမယ်…

(၁) Audience တွေရဲ့မေးခွန်းကိုတွေကို ဂရုစိုက်ပေးပါ

သင် Social Media Platform တွေပေါ်မှာရေးတဲ့ Content တစ်ခုဟာသင်သေချာလေ့လာထားတဲ့ Content ဖြစ်ရပါမယ်။ ဒီအချက်က ရိုးရှင်းပြီး ထိရောက်တဲ့ Content တစ်ပုဒ်ကိုသင့်ရဲ့ Audience တွေဆီကို ပို့ပေးနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲ (သို့) Social Media တွေမှ တဆင့်မေးမြန်းမှုတွေ သင့်ဆီကိုရောက်ရှိလာခဲ့မယ်ဆိုရင် အဲ့ဒီမေးခွန်းတွေကို သေ ချာမှတ်ထားပေးပြီး ကိုက်ညီတဲ့ အဖြေ တွေကိုပြန်ဖြေပေးပါ။ သင်ဟာသင့်ရဲ့ Audience တွေကို ကောင်းကောင်းဂရုစိုက်ပေးတယ်ဆိုရင်သင့်ရဲ့ Social Media Content တွေဟာ ကောင်းမွန်တဲ့ Social Media Content တွေဖြစ်လာပါလိမ့်
မယ်။

(၂) Audience မျှော်လင့်တဲ့ Content ပုံစံလေးတွေကိုဂရုစိုက်ပေးပါ

တခါတလေမှာ သင်ရေးတဲ့ Content တွေဟာကောင်းနေပေမဲ့ Audience တွေဖတ်ချင်တဲ့ပုံစံနဲ့ လွဲနေတာလေးတွေဖြစ်တတ်ပါတယ်။ ဒီတစ်ချက်ဟာလည်း ဂရုစိုက်လုပ်ဆောင်ရမဲ့ အချက်ထဲမှာပါဝင်ပါတယ်။ ဒါကြောင့်မို့သင်ရေးမယ့် Content ဟာ Audience တွေလိုချင်တဲ့ Content မျိုးဖြစ်နေမယ်ဆိုရင် သင်ဟာ Social Media Platform မှာ စစ်မှန်တဲ့ Engagement တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

(၃) သင့်ရဲ့ အတွေ့အကြုံဖြစ်စဉ်အချို့ကိုဝေမျှပေးပါ

သင့်ရဲ့ ဖြစ်ခဲ့တဲ့ ရခဲ့တဲ့အတွှေုအကြုံတစ်ချို့တစ်ဝက်ကို သင့်ရဲ့ Audience ကိုဝေမျှပေးပါ။ ဒီလိုလေးဝေမျှပေးခြင်းအားဖြင့် Audience ဟာသင့်အပေါ်မှာ ပိုမိုယုံကြည်လာနိုင်ပါတယ်။

(၄) သင့်လျော်တဲ့သမိုင်းဝင်အကြောင်းအရာများကိုဝေမျှပေးပါ

Social Media ဆိုတာ Storytelling Platform တစ်ခုဆိုလည်းမမှားပါဘူး။ တခါတရံမှာသင်တင်နေကျ Content တွေမဟုတ်ပဲ စွဲမက်စရာစိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် Story တွေကိုလည်း သင်ရဲ့ Audience တွေကိုဝေမျှပေးပါ။ တခါတရံမှာ သင့်ရဲ့ Audience တွေကိုအပြောင်းအလဲလေး တွေတင်ပေးခြင်းအားဖြင့် Audience ရဲ့ Engagement ပိုမိုရရှိတတ်ပါတယ်။

ဒီအခြေခံအချက်လေးတွေကို လေ့လာပြီး Content ရေးကြည့်မယ်ဆိုရင်တော့ သင့်အတွက် အခက်အခဲအ
နည်းငယ်ကိုဖြေရှင်းပေးနိုင်မယ်ထင်ပါတယ်။


Recent posts