logo
myanmar
အမှန်တကယ် သတိထားသင့်တဲ့ Content Marketing Metric များ

အမှန်တကယ် သတိထားသင့်တဲ့ Content Marketing Metric များ

03 Aug 2022

လူကြီးမင်းတို့ လုပ်ငန်းအတွက် Content Strategy ပြုလုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့ Element တွေအပေါ် Focus လုပ်ဖို့ လိုအပ်ပါတယ်။ သင်ပစ္စည်းတစ်ခုကို ရောင်းရချင်တယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Visitor တွေရှိဖို့လိုပါတယ်။ ဒီလို Visitor တွေက Online Ads တွေမှတဆင့်ရောက်လာနိုင်ဖို့ဆိုရင်တော့ Visitor Number တွေကအရမ်းကို အရေးကြီးပါတယ်။ မှန်ကန်တဲ့ Visitor Number တွေရှိနေမှာ သင့်လုပ်ငန်းဆီမှာ ထိရောက်တဲ့ Sale တွေရရှိလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအတွက် အမှန်တကယ် သတိထားသင့်တဲ့ Content Marketing Metric တွေကို Sharing လုပ်ပေးသွားချင်ပါတယ်…


Web Traffic Source


သင့်ရဲ့ Audience တွေဘယ်ကနေလာလဲဆိုတာကို ရှာဖွေပါ၊ Social Media, Email, Google ဒါမှမဟုတ် Paid Ads တွေကလားဆိုတာကို Analyze လုပ်ပါ။ လာတဲ့နေရာကို သိပြီဆိုရင်တော့ သင့် Content ကိုအဲ့ဒီနေရာတွေမှာ Market လုပ်ပါ။


Social Share နဲ့ Backlink



၅၈% သော Marketer တွေရဲ့ပြောကြားချက်အရ Brand Awareness က Social Media အတွက် Goal ဖြစ်ပါတယ်။ Share တွေ Backlink တွေနဲ့ တိုင်းတာနိုင်ပါတယ်။ Share များလာခြင်းက သင့်ရဲ့ Content ကိုသက်ဆိုင်ရာ Target Audience တွေဆီသို့ ရောက်စေပါတယ်။ Backlink တွေကတော့ SEO အတွက် အရမ်းကို အထောက်အပံ့ ဖြစ်စေပါတယ်။


Time On Page


ဒီအချက်တော့ ဘယ် Visitor တွေက သင့်ရဲ့ Content တွေကို Active ဖြစ်ဖြစ်ကြည့်သွားတယ်/ ဖတ်သွားတယ်၊ ဘယ် Visitor ကတော့ Content တွေကို Skimming လုပ်သွားတယ်ဆိုကို ဖော်ပြပေးပါတယ်။ ဒီအချက်တွေကို သိပြီဆိုရင်တော့ သင့်ရဲ့ Engagement အကောင်းဆုံး Content တွေကို Pinpoint လုပ်နိုင်ပါပြီ။ ဒါဆိုရင်တော့ Visitor တွေ Enjoy ဖြစ်စေမယ့် Format တွေ Subjects တွေကို ပြင်ဆင်ဖန်တီးနိုင်ပါပြီ။


ဒီ Content Marketing Metric တွေကိုလေ့လာသုံးသပ်ပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် မှန်ကန်ထိရောက်တဲ့ Content Strategy တွေကို ပြုလုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

Recent posts