
05 Mar 2025
ဒီရက်ပိုင်းထဲ ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်လာတဲ့အတွက် ငလျင်အန္တရာယ်ကို အထိုက်အလျောက် ကြိုတင်သတိပေးနိုင်မဲ့ App အချို့ကိုဖော်ပြပေးသွားပါမယ်။
ဒီ App တွေကတော့ Eearthquake App နဲ့ Earthquake Tracker App တွေပဲဖြစ်ပါတယ်။ ဒီ App တွေအလုပ်လုပ်ပုံတွေက ငလျင်ဖြစ်ပေါ်နေတဲ့ နေရာတွေကို Track လုပ်ပေးတာတွေ၊ ငလျင်နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ဆောင်ရန်ရှောင်ရန်အချက်အလက်တွေကို ဖော်ပြပေးတာတွေ၊ သင်တို့ဖုန်းထဲမှာ ပါဝင်တဲ့ Accelerometer အသုံးပြုပြီး Vibration တွေကိုတိုင်းတာတွေကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ တုန်ခါမှုမျိုးတွေ ဖြစ်ပေါ်လာတဲ့အချိန်တွေမှာလဲ သင့်ကိုသတိပေးသွားမှာ ဖြစ်ပါတယ်။
ဒီ App တွေကတော့…
ဒီ App တွေကို မိတ်ဆွေတို့ အိပ်တဲ့အခါမှာ ဖွင့်ထားပြီး ဖုန်းကို အနီးနားမှာထားမယ်ဆိုရင် အိပ်ပျော်နေတဲ့အချိန်မှာ ထူးခြားတဲ့ တုန်ခါမှုမျိုးတွေ ဖြစ်ပေါ်လာရင် သတိပေးနေမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်။