logo
myanmar
SEM ရဲ့အကျိုးကျေးဇူးများ

SEM ရဲ့အကျိုးကျေးဇူးများ

15 Jul 2019

SEM ရဲ့ အရှည်ကောက်က Search Engine Marketing လို့ခေါ်ပြီး Internet Marketing နည်းပညာ တစ်မျိုးဖြစ်ပါတယ်။ Website ဆောက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အကျိုးအမြတ်ကို ရရှိအောင် Search Engine မှာ Advertising လုပ်နိုင်တဲ့ နည်းပညာလို့ ပြောနိုင်ပါသေးတယ်။ SEM Advertising က ယာယီကြော်ငြာတဲ့နေရာမှာ ထိရောက်သလို၊ ရေရှည်အတွက်လည်း ကြော်ငြာနိုင်ပါတယ်။ SEM Advertising က PPC (Pay Per Click) Advertising လိုမျိုး Google ကို ပိုက်ဆံပေးပြီး ကိုယ့်ရဲ့ Website ကို Search Engine ရဲ့ ထိပ်ဆုံးမှာ ပေါ်နေစေဖို့ Advertise လုပ်ပေးတာပဲဖြစ်ပါတယ်။

Website တစ်ခု SEM လုပ်ထားရင်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးသွားပါမယ်…

· Brand Awareness နဲ့ Brand Equity သိသာစွာမြင့်တက်လာခြင်း
· သင့် Website ကိုမြင်သွားမယ့် Audience အရေအတွက်များပြားလာခြင်းကြောင့် Website Traffic တိုးပွားလာခြင်း
· သင့် စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Audience ကို Target လုပ်ထားပြီးသားဖြစ်တဲ့ အတွက် ရရှိလာမယ့် Audience ကသင့်လုပ်ငန်းကို အမှန်တကယ်စိတ်ဝင်စားတဲ့ Audience ဖြစ်နေခြင်း
· သင့်လုပ်ငန်းအတွက် အလားအလာရှိတဲ့ Sale တွေတိုးများလာစေခြင်း
· သင့်လုပ်ငန်း အတွက် Ads ကို Audience အခြေစိုက်ရာ Location နဲ့ အသုံးပြုတဲ့ Language ကိုလိုက်ပြီး Target လုပ်နိုင်ခြင်း
· ပြိုင်ဘက်လုပ်ငန်းတွေထက် တစ်ပန်းသာခြင်း
· ROI (Return on Investment) သိသိသာသာ တိုးတက်လားခြင်းနဲ့ Investment လုပ်ရတဲ့ ပမာနနဲ့ ထိရောက်မှုပိုင်းမှာလည်းအခြား Advertising Media တွေထက် ဒီ Paid Search Advertising ဖြစ်တဲ့ SEM က ပိုသက်သာပြီး ပိုမိုထိရောက်ခြင်း

ဒီအကျိုးကျေးဇူးတွေက Website တစ်ခု SEM လုပ်ထားခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ SEM (Search Engine Marketing) နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ကျနော်တို့ SEOMyanmar မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Recent posts