25 Apr 2018
လုပ်ငန်းရှင်တွေအတွက် Facebook ရဲ့ အဓိက အားသာချက်က Data ဖြစ်ပါတယ်။ Interest, Behaviour စသော Demographic Data များကြောင့် Facebook မှာ Marketing လုပ်တဲ့အခါ ထိရောက်မှုရှိတာဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ Facebook အသုံးမပြုတဲ့ အချိန်မှာ လူတွေဆီက Data တွေ ဘယ်လိုရယူနေလဲဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
Facebook အသုံးမပြုတဲ့အချိန် Data တွေအများဆုံး ရယူနိုင်တဲ့ နေရာတွေကတော့ Website နဲ့ Mobile App တွေဆီက ဖြစ်ပါတယ်။ Website နဲ့ App အများစုဟာ သူတို့ရဲ့ Content တွေနဲ့ ကြော်ငြာတွေကို Engagement ပိုရဖို့ Relevant ဖြစ်ဖို့ Facebook Services တွေကို အသုံးပြုလေ့ရှိကြပါတယ်။
အဲဒီ Service တွေမှာ ပါဝင်တာတွေကတော့…
Like and Share ခလုတ်တွေ အများစု ဖြစ်ကြပါတယ်။ သူတို့ရဲ့ Site တွေကို Facebook မှာ Share များများ ရစေဖို့ အသုံးပြုကြပါတယ်။
ဒီ Feature ကတော့ Facebook Account ရှိရုံနဲ့ Website တွေနဲ့ App တွေမှာ Login တန်းဝင်နိုင်အောင် ထည့်ထားတဲ့ Feature တစ်ခုဖြစ်ပါတယ်။
Facebook Analytics ကိုတော့ သူတို့ Website တွေ App တွေကို လူတွေ ဘယ်လိုအသုံးပြုလဲ သိရအောင် သုံးပါတယ်။
ဒီဟာကတော့ Facebook Advertiser တွေရဲ့ ကြော်ငြာတွေ သူတို့ Website တွေ App တွေမှာ ဖော်ပြဖို့ ဖြစ်ပါတယ်။ ကြော်ငြာတွေရဲ့ ထိရောက်မှုကို တိုင်းတာဖို့လည်း အသုံးပြုပါတယ်။
အဲဒီ Service တွေကနေ Facebook မသုံးတဲ့အချိန်မှာ လူတွေဆီကနေ Data ရယူနေနိုင်ပါတယ်။
Ref: Newsroom Facebook