logo
myanmar
Facebook မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များနှင့်ဆန္ဒပြသူများ အနေနဲ့ အကြမ်းဖက်မှုများအားချီးမွမ်းခြင်း၊ ထောက်ခံခြင်းနှင့်ထောက်ခံအားပေးခြင်းများအား ဖယ်ရှားမည်

Facebook မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များနှင့်ဆန္ဒပြသူများ အနေနဲ့ အကြမ်းဖက်မှုများအားချီးမွမ်းခြင်း၊ ထောက်ခံခြင်းနှင့်ထောက်ခံအားပေးခြင်းများအား ဖယ်ရှားမည်

16 Apr 2021

Facebook ရဲ့ 14 ရက်နေ့ကထုတ်လိုက်တဲ့ကြေညာချက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်ဆန္ဒပြသူများ ကျူးလွန်တဲ့ အကြမ်းဖက်မှုများအားချီးမွမ်းခြင်း၊ ထောက်ခံခြင်းနှင့်ထောက်ခံအားပေးရေးသားမှုများကို သူတို့ Facebook platform မှာတင်ခြင်းအားဖယ်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံအတွက်တိကျသောမူဝါဒကိုအကောင်အထည်ဖော်လျက်ရှိတယ်လို့ဆိုပါတယ်။

ကြေညာချက်အရဆိုရင်တော့ ထုတ်ပြန်ကြေညာတဲ့အချက်မှာအောက်ပါအတိုင်းပါဝင်ပါတယ်။

(၁)မြန်မာနိုင်ငံရှိအရပ်သားများမှ စစ်တပ်သို့မဟုတ်လုံခြုံရေးတပ်ဖွဲ့များအပေါ်ကျူးလွန်သောအကြမ်းဖက်မှုများကိုချီးမွမ်းခြင်းနှင့်ထောက်ခံခြင်း

(၂)မြန်မာစစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့များမှ အရပ်သားများကိုဖမ်းဆီးခြင်းအား ချီးမွမ်းခြင်း၊ ထောက်ခံခြင်းသို့မဟုတ်ထောက်ခံအားပေးခြင်း ဆိုပြီးဖော်ပြထားပါတယ်။

ဥပမာအားဖြင့်ဆိုရမယ်ဆိုရင်

"ငါဒါကိုထောက်ခံတယ်" ဆိုတဲ့ Caption နဲ့လူအုပ်ထဲကိုပစ်ခတ်တဲ့ဓာတ်ပုံပါရှိတဲ့ Post တွေ

လူတွေအပေါ်သေစေလောက်တဲ့အကြမ်းဖက်မှုဟာမှန်ကန်တယ်လို့ရှင်းပြတဲ့အငြင်းပွားစရာသတင်းတွေ

တိုက်ခိုက်မှုများကျူးလွန်ခဲ့ခြင်းကိုချီးမွမ်းသည့်ရေးသားချက်များ

"လူတွေပစ်ခတ်တာကိုထောက်ခံတယ် ” ဆိုတဲ့ Caption ပါတဲ့ဓာတ်ပုံ စတာတွေကိုဖယ်ရှားသွားမယ်လို့ ဥပမာဖော်ပြထားပါတယ်။

Facebook သည်မြန်မာနိုင်ငံ၏အခြေအနေကိုအနီးကပ်စောင့်ကြည့်ပြီး Facebook Platform ကိုလုံခြုံစေရန်အတွက်လိုအပ်သောလုပ်ဆောင်မှုများကိုလဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Recent posts