
05 Sept 2024
လက်ရှိမှာ Facebook ကတော့ လုပ်ငန်းတော်တော်များများက Social Media Marketing အနေနဲ့ အသုံးများဆုံး Platform
တစ်ခုဖြစ်ပါတယ်။ မိမိတို့ရဲ့ Content တွေကို Boost လုပ်ပြီး လူအများကြီး မြင်စေချင်တယ်၊ သိစေချင်တယ်၊ ဝယ်ယူလာစေချင်တယ်ဆိုပြီး သုံးကြတာကိုတွေ့ရပါတယ်။ ဒီလိုလုပ်တာက မှန်ပေမယ့် ကိုယ်က Budget တွေအများကြီးသုံးတယ် လူတွေလည်းမြင်တယ် ဒါပေမယ့် အရောင်းမတက်လာဘူးဆိုတာတွေလည်း ရှိကြပါတယ်။
ဘာကြောင့်လဲဆိုတာကတော့ သုံးတော့သုံးလိုက်တယ် မထိရောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook Ads တွေ Run တဲ့အခါမှာ ထိရောက်နိုင်မယ့် အချက် ၃ ချက်ကို ဖော်ပြပေးသွားပါမယ်…
Core Targeting ကိုသတိပြုရပါမယ်။ ဘာတွေလဲဆိုရင်တော့ ကိုယ့်လုပ်ငန်းနဲ့ သတ်ဆိုင်တဲ့ Location, Behavior, Connection, Demographic နဲ့ Interests တွေဖြစ်ပါတယ်။ ဒီအရာတွေကို မှန်မှန်ကန်ကန် ရွေးချယ်ပေးရပါမယ်။
Custom Audiences တွေကိုလည်း သတိပြုရပါမယ်။ ဒါကတော့ သင့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှုရှိနေတဲ့ Facebook ပေါ်မှာရှိပြီးသား Audiences တွေကို မှန်ကန်စွာ ရွေးချယ်ပေးရပါမယ်။
Lookalike Audience တွေကိုလည်း သတိပြုရပါမယ်။ ဒါကတော့ ရှိပြီးသား Customer တွေ၊ Website Visitor အစရှိတဲ့ Audiences တွေကိုလည်း Analysis ကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်။
ဒီအချက် ၃ ချက်ကို သေချာသတိထားပြီး လုပ်ဆောင်နိုင်ပြီဆိုရင်တော့ သင့်လုပ်ငန်းအတွက် Run ထားတဲ့ Ads တွေရဲ့ ထိရောက်မှုက သိသာလာမှာပဲ ဖြစ်ပါတယ်။