22 Nov 2018
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အောင်မြင်မှုကို အပြိုင်အဆိုင် အဖက်ဖက်မှရှာဖွေကြိုးစားလာကျပါတယ်။ အောင်မြင်မှု ရှာဖွေရာမှာလဲ ရိုးရိုးသားသားရှာဖွေခြင်းနဲ့ မရိုးမသား ရှာဖွေခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။ ခေတ်စားနေတဲ့ Social Media Network တစ်ခုဖြစ်တဲ့ Instagram မှာဆိုရင်
Follower များဖို့ အတွက် Third-Party Tool တွေနဲ့ Follower ရှာထားတဲ့ Fake Follower တွေဟာလည်း အများအပြားကို ရှိလာခဲ့ပါတယ်။ ဒီတော့ Organic Follower ရရှိထားတဲ့ Account တွေ၊
Business Run နေတဲ့ သူတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒီ Third-Party Tool တွေနဲ့ Fake Follower ရှာဖွေမှုဟာ ဈေးကွက်တစ်ခုတောင် ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် Instagram ဟာလည်း Security ကိုတိုးမြင့်ပြီး Fake Follower တွေကို ရှင်းလင်းနေပါတယ်။
Instagram ကပိုမိုခိုင်ခန့်တဲ့ Security System တစ်ခုကိုလည်း ပြုလုပ်ထားပါတယ်၊ အဲ့ဒီ System က
Third-Party Tool တွေ Service တွေကို အသုံးပြုပြီး Fake Follower ရှာဖွေထားတဲ့ Account တွေကို
In-App Message Alert ပေးပါတယ်… ဒီ Account ရဲ့ Password ကို ပြောင်းပါဆိုပြီး Alert ပေးပါတယ်။
Password မပြောင်းခဲ့ဘူးဆိုရင်တော့ Account ကို Instagram ကနေ ဖြုတ်ချမှာပဲဖြစ်ပါတယ်။
Ref - socialmediatoday