logo
myanmar
၁၄ နှစ် ပြည့်ပြီဖြစ်သော Facebook

၁၄ နှစ် ပြည့်ပြီဖြစ်သော Facebook

08 Feb 2018

ယနေ့ (၅.၂.၂၀၁၈) သည် Facebook တည်ထောင်ခြင်း ၁၄ နှစ်ပြည့်သောနှစ်ဖြစ်သည်။

Facebook တည်ထောင်သူ Mark Zuckerberg က Facebook ၁၄ နှစ်ပြည့်တွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“တစ်ခါတစ်လေ လူတွေက ကျွန်တော် ဘာတွေသင်ယူခဲ့လဲ မေးကြတယ်။ ကျွန်တော် Facebook စတည်ထောင်တော့ အသက် ၁၉ နှစ်ပဲရှိသေးတယ်။ ကုမ္ပဏီထောင်ဖို့ရော နိုင်ငံတကာ အင်တာနက်ကွန်ယက် လုပ်ငန်းရော ဘာမှသိသေးတာမဟုတ်ဘူး။ နှစ်တော်တော်ကြာ အမှားတွေအများကြီး လုပ်ခဲ့မိတယ်။ သင်တို့ သတိထားမိမှာပါ။ နည်းပညာအမှားတွေ ဆိုးဆိုးဝါးဝါး အများကြီးလုပ်ခဲ့မိတယ်။ မကောင်းတဲ့လူတချို့ကို ယုံကြည်မိပြီး talent ရှိတဲ့လူတွေကို နေရာအမှားတွေမှာ ပေးမိခဲ့တယ်။ အရေးကြီးတဲ့ trend တွေလည်း လွတ်ကုန်ပြီး သူများတွေထက် အများကြီးနှေးနေခဲ့တယ်။ ကျွန်တော့် product ချို့ယွင်းနေတာကို လူတွေဆီဖြန့်ဝေခဲ့တာဖြစ်တယ်။

ကျွန်တော်တို့ အဖွဲ့အစည်း ဒီနေ့အထိ ရပ်တည်နေနိုင်တာ ကျွန်တော်တို့က အမှားတွေကို ရှောင်ရှားနိုင်ခဲ့လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားခဲ့လို့သာ ဖြစ်ပါတယ်။ ခဏခဏ ကျရှုံးတာကိုသိပါတယ် ဒါပေမယ့် အလုပ်ဆက်လည်ပတ်ဖို့ဆိုတာ ဒီတစ်လမ်းပဲရှိပါတယ်။

ကျွန်တော်တို့ဟာ ဒီခရီးစဉ်မှာ ခုထိအစောပိုင်းရောက်နေပြီး တိုးတက်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီဦးတည်ချက်က ကျွန်တော်တို့အတွက် ခွန်အားပါပဲ။ ဒီနှစ်မှာလုပ်ဆောင်မယ့် အရာတွေလည်းဖြစ်ပါတယ်။

ဒီ ၁၄ နှစ်မှာ သင်၊ သင့်သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ ကျွန်တော်တို့ အတူတူရှိနေပြီး အဓိပ္ပာယ်ရှိရှိ အကောင်းဆုံးတွေ လုပ်ဆောင်နိုင်တာကို ကျွန်တော် ဂုဏ်ယူပါတယ်။ သင်တို့နဲ့အတူ ဆက်လက် ခရီးဆက်နေပါဦးမယ်။ “ ဟု Mark Zuckerberg မှ သူ၏ Facebook စာမျက်နှာတွင် ပြောကြားခဲ့သည်။

Source: Mark Zuckerberg

Recent posts