11 Aug 2022
ဒီတစ်ခေါက် ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ အောင်မြင်တဲ့ Social Media Marketing တစ်ခုဖြစ်လာစေမယ့် Tips (၅) ခုပဲ ဖြစ်ပါတယ်…
၁. ပထမဆုံး တစ်ချက်အနေနဲ့ စတင်ရမှာကတော့ သင့်ရဲ့ Targeted Audience တွေကို Research ပြုလုပ်ရပါ မယ်။ Research သေချာပြုလုပ်ပြီးသွားရင်တော့ ဘယ်အကြောင်းအရာက Audience နှစ်သက်မလဲ? ဘယ်လို Topic မျိုးကို စိတ်ဝင်စားလဲ? ဆိုတာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
၂. နောက်တစ်ချက် အနေနဲ့ကတော့ သင့်လုပ်ငန်းနဲ့ Audience တွေအတွက် အကျိုးရှိတဲ့ Network နဲ့ Platform ကို သေချာရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။
၃. သင့်လုပ်ငန်းရဲ့ ရလဒ်တွေကို သိရှိချင်တယ်ဆိုရင်တော့ KPI ထားဖို့လိုအပ်ပါတယ်။ KPI (Key Performance Indicator) ကတော့ မိမိလုပ်ငန်းမှာရရှိ ထားတဲ့ ရလဒ်တွေကို ပြန်လည်ဆန်းစစ်နိုင်မှာဖြစ်တဲ့ အတွက် လုပ်ငန်းတိုးတက်လာမှုရှိမရှိကိုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
၄.Social Media ပေါ်မှာသင့်လုပ်ငန်းအတွက် Social Media Post တွေတင်ဖို့ အတွက် Content တွေဖန်တီးပေးဖို့ လိုအပ်ပါတယ်။ Content တွေဖန်တီးရာမှာ လွယ်ကူစေရန်အတွက် Topic တွေ Headlineတွေနဲ့ သက်ဆိုင်ရာ Link တွေကို ပြင်ဆင်ထားဖို့ရန်လိုအပ်ပါတယ်။
၅.နောက်တစ်ချက်အနေနဲ့ Customer တွေဆီက Question & Answer တွေကို ဖြေကြားပေးနိုင်မယ့်
ဝန်ထမ်းတစ်ယောက်လောက်ခန့်ထားဖို့ လည်းလိုအပ်ပါတယ်။ Question & Answer တွေကို Ignoreလုပ်ထားမယ်ဆိုရင်တော့ သင့်လုပ်ငန်း အတွက် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေကတော့ Social Media Marketing နဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သူတွေအနေနဲ့ သိရှိထားသင့်တဲ့ Tip တွေဆိုရင်လည်း မမှားပါဘူး။