logo
myanmar
Comic ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်  Comic Site (၃) ခု

Comic ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်  Comic Site (၃) ခု

18 Jan 2021

Online ကနေ Comic တွေကိုရှာဖွေပြီး ဖတ်ရတာ နှစ်သက်တဲ့သူတွေအတွက် အခုဖော်ပြပေးမယ့် Comic Site (၃) ခုအကြောင်းကို ဖတ်ကြည့်သင့်ပါတယ်…


ComiXology

ComiXology ကတော့ Comic တွေဖတ်လို့ရတဲ့ Cloud-Based Digital Distribution Platform တစ်ခုဖြစ်ပါတယ်။ ဒီ Site ထဲမှာ Comic ပေါင်း ၇၅၀၀၀ ကျော်ရှိပြီး အခမဲ့ ဖတ်ရှုနိုင်တဲ့ Comic တွေကတော့ ၇၀၀ ကျော်ရှိပါတယ်။ Marvel, DC, Image, Boom အစရှိတဲ့ Comic တွေကိုလည်း ဒီ Site ထဲမှာ ရှာဖွေပြီး ဖတ်နိုင်ပါသေးတယ်။


GetComics

နာမည်ကြီး Publisher တွေတင်ထားတဲ့ Comic တွေဖြစ်တဲ့ DC, Marvel, Dark Horse, Valiant, Zenescope နဲ့ တခြား နာမည်ကြီး Comic တွေကို Download လုပ်နိုင်တဲ့ Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ရဲ့ User Interface ကရှင်းရှင်းလင်းလင်းနဲ့ Categories တွေကိုလည်း Home Page မှာ သေချာစီထားတာကို တွေ့ရပါတယ်။


Drive Thru Comics

ဒီ Site ကတော့ Comic တော်တော်များများရှိတဲ့ နေရာတစ်ခုလို့ပြောနိုင်ပါတယ်။ ဒီ Site ပေါ်မှာတော့ Valiant Comic, Top Cow, Aspen Comic အစရှိတဲ့ Comic တွေကို တိုက်ရိုက်ဖတ်နိုင်သလို၊ Download လုပ်ပြီးလည်း ဖတ်နိုင်တဲ့ Site တစ်ခုဖြစ်ပါတယ်။


Comic ဖတ်ရတာကြိုက်တဲ့သူတွေအတွက်တော့ ဒီ Site တွေက အခက်မရှိပဲ လွယ်လွယ်ကူကူ ဝင်ပြီး ဖတ်နိုင်တဲ့ Site တွေပဲဖြစ်ပါတယ်။ Comic ဖတ်ရတာကြိုက်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိရင်လည်း လက်ဆင့်ကမ်း ဝေမျှနိုင်ပါတယ်။

Recent posts