
Typing Skill ကောင်းလာစေဖို့ဆိုရင် ဘလိုတွေလုပ်ဆောင်သင့်သလဲ?
07 Aug 2023
သင့်ရဲ့ Typing Skill ကနှေးနေတယ်၊ ယုံကြည်မှုလည်း သိပ်မရှိဘူးဖြစ်နေတယ် အစရှိတဲ့ Problem တွေကြုံတွေ့နေရတယ်ဆိုရင် ယခုဖော်ပြပေးမယ် အကြောင်းအရာတွေကို ဆက်လက် ဖတ်ရှုသွားသင့်ပါတယ်။
Typing skill ဟာယနေ့ခေတ်အလုပ်အကိုင်တော်တော်များများအတွက် မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းပါ။ အချိန်နဲ့တပြေးညီအလုပ်ကိုကြိုးစားနေကျတဲ့အချိန်မှာ Typing Skill မြန်ဆန်ကျွမ်းကျင်ဖို့လဲ အရေးကြီး ပါတယ်။စီးပွားရေးနယ်ပယ်အတွက် အလုပ်အကိုင်အများစုမှာ တိကျမြန်ဆန်ပြီး ကျွမ်းကျင်တဲ့ Typing Skill ရှိဖို့လိုပါတယ်။ဒါကြောင့် သင့်ရဲ့ Typing Skill ပိုမိုမြန်ဆန်လာစေရန်အတွက် အကြံပေးချက်အချို့ ကိုဖော်ပြပေးလိုပါတယ်။
ပထမဆုံး နည်းလမ်းကတော့ လေ့ကျင့်ခြင်းဖြစ်ပါတယ်။လေ့ကျင့်ခြင်းနည်းလမ်းကတော့ သံသယဖြစ်စရာ မလိုအောင် အဆင်ပြေစေတဲ့အကောင်းဆုံးနည်းလမ်းပါပဲ။တကယ်လို့သင်ဟာ Social Media တွေကို Computer နဲ့နေ့စဉ်ထိတွေ့ပြီးသုံးနေတဲ့သူဆိုရင်တော့ သင့်ရဲ့ Typing Skill ဟာမြန်ဆန်ပြီး သားဖြစ်မှာ ပါ။တကယ်လို့ သင့်ရဲ့ Skill ဟာနှေးနေတယ် မတိမကျဖြစ်နေလို့ Speed ပိုမိုတိုးတက်ချင်တယ်ဆိုရင်တော့ လေ့ကျင့်လိုရတဲ့ Website တွေကိုဖော်ပြပေးချင်ပါတယ်။ 10FastFingers.com နဲ့ TypeRacer.com တို့မှာ Typing Skill မြန်ဆန်ဖို့လေ့ကျင့်လို့ရပါတယ်။
နောက်တချက်ကတော့ Typing ရိုက်နေတဲ့အချိန်မှာ ကိုယ်နေဟန်ထားမှန်ကန်ဖို့လဲအရေးကြီးပါတယ်။ မှန်ကန်တဲ့ကိုယ်နေဟန်ထားနဲ့ Typing ရိုက်တဲ့အခါမှာ သက်တောင့်သက်သာပိုဖြစ်စေပြီး အလုပ်အပေါ် ပိုမိုအာရုံစိုက်နိုင်စေပါတယ်။လုပ်ငန်းခွင်မှာ ထိုင်သင့်တဲ့အနေအထားကို အောက်ပါပုံကနေ တစ်ဆင့်လေ့ လာနိုင်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ Keyboard ကိုကြည့်ပြီး Typing ရိုက်ခြင်းကိုရှောင်ရှားပါ။Typing Skill ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ဖို့တဲ့ Keyboard အပေါ်အာရုံစိုက်ပြီး စာရိုက်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ သင်ဟာခုမှ Typing ရိုက်ဖို့သင်ယူနေသူတစ်ယောက်ဆိုရင်တော့ Keyboard ကိုမကြည့်ပဲ စာရိုက်နိုင်ဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ စိတ်မပျက်ပါနဲ့ ။အကြိမ်ကြိမ်လေ့ကျင့်ပြီး လက်ချောင်းနေရာတွေကို ထားရမဲ့နေရာမှာ မှန်ကန်စွာထားမယ်ဆို Keyboard ကိုမကြည့်ပဲမြန်ဆန်တိကျစွာ ရိုက်နိုင်မှာပါ။
သင့်ရဲ့ Computer ထဲမှာလဲ Typing Skill လေ့ကျင့်ဖို့ Tools တွေထားရှိပြီးမကြာခဏလေ့ ကျင့်ပါ။ ကိုယ်ရရှိတဲ့ Achievement ဒါမှမဟုတ် Speed ကိုမှတ်ထားပြီး ကိုယ့်ရဲ့ Skills ကိုတိုးတက်လာလား သုံးသပ်နိုင်ပါတယ်။