logo
myanmar
Google နဲ့ Bing Search တွေမှာ Facebook Profile ရှာမရအောင် ဘယ်လိုလုပ်မလဲ?

Google နဲ့ Bing Search တွေမှာ Facebook Profile ရှာမရအောင် ဘယ်လိုလုပ်မလဲ?

04 Feb 2021

သင်ဟာ Social Media Platform တွေမှာ သိုသိုသိပ်သိပ် နေတတ်တဲ့သူ တစ်ယောက်လား? ဒါမှမဟုတ် သိုသိုနေချင်တယ် ဒါပေမယ့် နည်းလမ်းမသိ ဖြစ်နေပါသလား? ဒါကြောင့် ဒီတစ်ခါမှာ မိတ်ဆွေတို့အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်း တစ်ခုကို ဖော်ပြပေးသွားပါမယ်။


ဒါကတော့ Search Engine ကြီးတွေဖြစ်တဲ့ Google နဲ့ Bing တို့မှာ မိတ်ဆွေတို့ရဲ့ Facebook Profile ကို ရှာဖွေလို့ မရအောင် လုပ်ထားနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မိတ်ဆွေတို့ ပြုလုပ်ရလွယ်ကူစေဖို့အတွက် Step-by-step ဖော်ပြပေးလိုက်ပါတယ်။


Step 1

ပထမဆုံး အဆင့်မှာတော့ မိမိရဲ့ Facebook Account မှာရှိတဲ့ “Setting & Privacy” ဆိုတာကို နှိပ်ပါ။


Step 2

“Setting” ဆိုတာကို နှိပ်ပေးပါ။


Step 3

“Privacy” ကိုနှိပ်ပါ။


Step 4

“Privacy” or “Privacy Setting” ကိုနှိပ်ပြီးရင် အောက်ကို Scroll နည်းနည်းဆွဲချပြီး “How People Find and Contact You” ဆိုတဲ့ Section ကိုရှာပါ။


Step 5


“How People Find and Contact You” ကိုရှာတွေ့ပါက “Do you want search engines outside of Facebook to link to your profile” ကိုရှာပါ။


Step 6

“Do you want search engines outside of Facebook to link to your profile” မှ Edit ကိုနှိပ်ပြီး
“Allow search engines outside of Facebook to link to your Profile” မှာ အမှန်ခြစ်ထားတာကို ဖြုတ်ပြီး “Turn Off” လုပ်ပေးလိုက်ပါ။


ဒီအချက်တွေကိုပြုလုပ်ပြီးသွားပြီဆိုရင် မိတ်ဆွေရဲ့ Facebook Profile ကို Google, Bing အစရှိတဲ့ Search Engine တွေမှာ ရှာလို့တွေ့တော့မှာ မဟုတ်ပါဘူး။ ဒီနည်းလမ်းလေးကို သူငယ်ချင်းမိတ်ဆွေတွေ ကြားမှာ ပြန်လည်မျှဝေနိုင်ပါတယ်။

Recent posts