Professional ဆန်တဲ့ ကိုယ်ရေးမှတ်တမ်းအကျဥ်းဘယ်လိုဖန်တီးမလဲ ?
18 Nov 2020
ယနေ့ခေတ် လုပ်ငန်းခွင်ဝင်မဲ့လူအတော်များများ Online ကနေတစ်ဆင့်အလုပ်လျောက်တာပိုများလာသလို အလုပ်ခေါ်စာတွေကလဲ Online ကနေခေါ်လာကြတာများနေပါပြီ။ ဒါကြောင့် အလိုအပ်ဆုံးဖြစ်တဲ့ CV form ကိုအဓိကပြင်ဆင်ထားဖို့လိုပါတယ်။ CV form ဆိုတာတကယ်တော့ကိုယ့်ရဲ့ First impression ပါ။အလုပ်လျောက်ရာမှာ ကိုယ့်ရဲ့အကြောင်းကိုလေ့လာဖို့လုပ်ငန်းရှင်တွေရဲ့ပထမဆုံးထင်မြင်ချက်ဖြစ်တဲ့ CV Form ကိုပြည့်စုံပြီး professional ဆန်စွာ စနစ်တကျရေးသားတတ်ဖို့လိုပါတယ်။CV Form ကိုကြည့်ရှုလေ့လာပြီးမှာသာကြိုက်မကြိုက်ဆုံးဖြတ်ပြီး interview နောက်တစ်ဆင့်အတွက်စဉ်းစားတာဖြစ်တဲ့အတွက် အလုပ်လျောက်ရာမှာ CV formဟာအလွန်အရေးကြီးပါတယ်။
စျေးကွက်တွင်းအလွယ်တကူဝယ်ယူလို့ရတဲ့ CV form တွေဟာတကယ်တမ်းတော့ အကြောင်းအရာတွေပြည့်စုံစွာမပါဝင်ပါဘူး။အချက်အလက်တွေပြည့်စုံမရှိတဲ့ အတွက် ဘယ်လိုအချက်အလက်တွေ စနစ်တကျဖြည့်ဖို့ ရေးဖို့လိုအပ်လဲဆိုတာဖော်ပြပေးလိုပါတယ်။
၁)ပထမဆုံးသတိထားရမှာက ဓာတ်ပုံပါ။မသေမသပ်မဟုတ်ပဲ သေသေချာချာ စနစ်တကျရိုက်ကူးထားတဲ့ပုံမျိုးဖြစ်ရပါမယ်။
၂)ကိုယ့်ရဲ့ Personal details ကိုယ်ရေးအချက်လက်ကိုမှန်ကန်ပြည့်စုံစွာဖြည့်ပေးရပါမယ်။နာမည်,မှတ်ပုံတင်,အသက် စသဖြင့်အရင်ပြည့်စုံစွာဖြည့်ပေးရပါတယ်။
၃)ပညာအရည်အချင်းပါ။ကိုယ်တတ်မြောက် ပြီးမြောက်ထားတဲ့ ဘွဲ့၊ဒီပလိုမာ၊သင်တန်းလက်မှတ် စသဖြင့်ပါ။ကိုယ်ဘွဲ့ရရှိခဲ့တဲ့ အထူးပြုဘာသာ၊အောင်မြင်ခဲ့တဲ့တက္ကသိုလ် မည်သည့်ခုနှစ်ကနေ ဘယ်အချိန်ထိတက်ရောက်ခဲ့သလဲ စသဖြင့်ဖော်ပြပေးပါ။
၄)အလုပ်အတွေ့အကြုံပါ။အလုပ်အတွေ့အကြုံရှိသူတွေက ကိုယ်လုပ်ခဲ့ဖူးတဲ့ company နာမည်၊ရာထူး၊လုပ်သက်စတတာတွေကို တိတိကျကျဖော်ပြပေးပါ။ကိုယ့်ရဲ့ အတွေ့အကြုံကိုရေးသားရာမှာ ၆ လအောက်အတွေ့အကြုံ ဥပမာ ၁လ ၂လ စသဖြင့်ရေးသားခြင်းဟာ ကိုယ့်အပေါ်ယုံကြည်မှုလျော့နည်းစေပါတယ်။Internship အလုပ်သင် အနေနဲ့ လုပ်ခဲ့ဖူးရင်တော့ ထည့်သွင်းရေးသားလို့ရပါတယ်။
၅)ကိုယ့်ရဲ့ skills ကျွမ်းကျင်မှုပါ။ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေပါ။ကိုယ်ဟာ customer service မှာကျွမ်းကျင်သူလား စာရင်းဇယားမှာကျွမ်းကျင်တာလား ဒါမှမဟုတ် Graphic ကိုကျွမ်းကျင်သလား typing ကိုကျွမ်းကျွမ်းကျင်ကျင်မြန်မြန်ဆန်ဆန်ရိုက်နိုင်သလားစသဖြင့်ပါ။
၆)ဘာသာစကားပါ။ကိုယ်တတ်မြောက်ထားတဲ့ဘာသာစကား အဆင့် level ကိုသေချာစွာဖော်ပြသင့်ပါတယ်။certificate ရှိရုံနဲ့ တကယ်တတ်မြောက်တယ်မဆိုလိုပါဘူး။ကိုယ်တကယ် လုပ်ငန်းခွင်မှာ အသုံးချနိုင်မဲ့ အဆင့် level ကိုဖော်ပြပေးတာပိုအဆင်ပြေပါလိမ့်မယ်။
ရ)Career objective ကိုယ့်ရဲ့အလုပ်အတွက် အသက်မွေးမှုရည်မှန်းချက်ပါ။များသောအားဖြင့်ထည့်သွင်းမရေးသားကျပေမဲ့ ထည့်သွင်းရေးသားပေးသင့်တဲ့အချက်ပါပဲ။ကိုယ့်ရဲ့ skills နဲ့ ability ကိုလည်းဖော်ပြရာရောက်ပီး ကိုယ်ရဲ့အလုပ်အပေါ် ဘယ်လောက်အဆင့် ဘယ်အတိုင်းအတာအထိ ကိုယ့်ရဲ့ Career goal ကိုမျော်မှန်းထားသလဲဖော်ပြထားတဲ့အတွက် ကိုယ့်ရဲ့ image ကိုတက်စေပါတယ်။
ရ)ဆက်သွယ်ရမဲ့လိပ်စာပါ။ကိုယ့်ရဲ့ ဖုန်းနံပါတ် email လိပ်စာ အိမ်လိပ်စာ စတာတွေကို ပြန်လည်ဆက်သွယ်လို့ရရန်သေချာဖြည့်စွက်ပေးသင့်ပါတယ်။
၈)CV form ဟာ up to date ဖြစ်နေရပါမယ်။ကိုယ်အလုပ်မလျောက်ခင်မှာသေချာစီစစ်ရေးသားတာဟာအကောင်းဆုံးပါ။ရေးပြီးသား ကြာမြင့်နေတဲ့ CV ကိုအမြဲမသုံးသင့်ပါဘူး။သင့်ရဲ့ကိုယ်ရေးအချက်အလက် ပညာရေး အလုပ်အတွေ့အကြုံစတာတွေဟာပြောင်းလဲနိုင်တဲ့အတွက် အမြဲ up to date ဖြစ်နေတဲ့ CV formကိုရွေးချယ်ပါ။