လစဉ်အသုံးပြုသူ 1 Billion ကျော်လာတဲ့ Instagram
24 Jun 2023
Instagram ဟာသူတို့ရဲ့ Video Platform အသစ်ဖြစ်တဲ့ IGTV ကိုကြေညာပြီးတဲ့နောက်ပိုင်းမှာသတင်းထူးတစ်ခုလဲ ပေါ်ပေါက်လာပါတယ်။ အဲ့ဒီသတင်းကတော့ Instagram ရဲ့ လေ့လာတွေ့ရှိချက်အရ Instagramကို အသုံးပြုသူဦးရေ တစ်လကို 1 Billion ရှိလာပြီ ဖြစ်ပါတယ်။
Top Social Media Apps လမ်းကြောင်းပေါ်မှာ Instagram ဟာ သိသိသာသာကိုအသုံးပြုသူများလာတဲ့အတွက် Top Social Media App တစ်ခုအဖြစ်ထည့်သွင်းခြင်းခံခဲ့ရပါတယ်။ Instagram ဟာ Facebook Company
ရဲ့ အသုံးပြုသူ Billion နဲ့ချီရှိတဲ့ (၄)ခုမြောက် Social Media Producut တစ်ခုအဖြစ်ပါ ဝင်ခဲ့ပါတယ်။
ကောက်နှုတ်ထားတဲ့ စစ်တန်းတွေအရ Snapchat နေ့စဉ်အသုံးပြုသူအရေအတွက်မှာ 191 Million ရှိပြီး၊ LinkedIn ကတော့ အသုံးပြုသူအရေအတွက်မှာ အားလုံးပေါင်း 562 Million ရှိသည်ဟု စာရင်းရှိတယ်လို့သိရှိရပါတယ်။ MAU( Monthly Active User) တွက်ချက်ထားခြင်းကိုတော့ တရားဝင်ထုတ်ပြန်ကြေညာ ထားခြင်းမရှိသေးပါ။
Instagram ကို Facebook က ဒေါ်လာ1 Billion နဲ့ ၂၀၁၂ ခုနှစ်ကဝယ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ Facebook ဟာ ဒီလို သာမန် Photo Sharing အဆင့်လောက်သာရှိတဲ့ App တစ်ခုအပေါ်မှာ ငွေကြေးအမြောက်အများရင်းနှီးတယ်လို့ ဆိုပြီး ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမဲ့
အခုတော့ Instagram ဟာ 100 billion လောက်တန်ကြေး ရှိနေ ပါပြီ။ ဒါကြောင့်မို့ လက်ရှိအချိန်မှာဆိုရင် Instagram ဟာ Facebook ရဲ့ လစဉ်အသုံးပြုသူ 1 Billion ရှိတဲ့ (၄) ခုမြောက် Social Media App တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
၂၀၁၈ ခုနှစ်ရဲ့ Social Platform Users စာရင်းကိုဖော်ပြပေးထားပါတယ်။
Ref - socialmediatoday