29 Apr 2025
နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Instagram ဟာ User တွေအတွက် ပိုအသုံးဝင်စေမဲ့ App တစ်ခုကို ထပ်မံ Launch လုပ်လိုက်ပါတယ်။ ဒီအချက်က US က User တွေအတွက်ပို အသုံးဝင်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ US မှာ Ban ထားတဲ့ App တချို့ရှိတာကြောင့် ဖြစ်ပါတယ်။ Location ကျော်ပြီး အသုံးပြုလို့ ရနိုင်သော်လည်း အလုပ်တော့ရှုပ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် Instagram က Video Edit လုပ်နိုင်တဲ့ App ကို Launch လုပ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီ App နဲ့အသုံးပြုနိုင်မဲ့ လုပ်ဆောင်ချက်အချို့ကို အောက်မှာ Sharing ပြုလုပ်ပေးသွားပါမယ်…
ကိုယ် Edit လုပ်ချင်တဲ့ Video တွေကို Timeline စနစ်တကျထားပြီး Edit လုပ်နိုင်သွားခြင်း
App အထဲမှာပဲ ကိုယ် Manage လုပ်ချင်တဲ့ Project တွေကို စနစ်တကျ သိမ်းဆည်းလုပ်ကိုင်နိုင်စေမဲ့ Project Tabs ပါခြင်း
Notes ဆိုတဲ့ Function လဲပါဝင်တဲ့အတွက် နောက် Edit လုပ်ချင်တဲ့ Project တွေကိုလဲ တနေရာထဲမှာ မှတ်ထားနိုင်ပါပြီ
Reels Trend တွေကိုလဲ တစ်နေရာထဲကနေ အေးဆေး ရှာလို့ရနိုင်ပါသေးတယ်
In-App မှာတင် Longer Video တွေလဲ ဖန်တီးနိုင်ပါသေးတယ်။ Instagram မှာဆိုရင် Video ကို ၃ မိနစ်အထိပဲ ရပါတယ်။ ဒီ Edits ဆိုတဲ့ App ထဲမှာတော့ ၁၀ မိနစ်ထိ ရပါတယ်။
ဒီအချက်တွေကတော့ Instagram က Launch ပြုလုပ်လိုက်တဲ့ Video Editing App တစ်ခုဖြစ်ပါတယ်။ Reels တွေကို တခါထဲဖန်တီးပြီး မြန်မြန်ဆန်ဆန် Upload ပိုပြီး ပြုလုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ App လေးရဲ့ နာမည်ကတော့ “Edits, an Instagram app” ဖြစ်ပါတယ်။