10 Aug 2014
အရင်တစ်ခေါက်က မြန်မာနိုင်ငံ အွန်လိုင်းမားကတ်တင်းနဲ့ပတ်သတ်တဲ့ အချက်ကို ပြန်လည်တင်ပြပါမယ်။
၂၀၁၄ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံမှာအင်တာနက် အသုံးပြုသူဦးရေ ၆၂၄,၉၉၁ ရှိတယ်လို့ သိရပါတယ်။ ဒီ Data ဟာ …
၁) International Telecommunication Union (ITU)
၂) United Nations Population Division
၃) Internet & Mobile Association of India (IAMAI)
၄) World Bank တို့က IP ကို အခြေပြုပြီး စောင့်ကြည့်လေ့လာ စာရင်းပြုစု ထုတ်ပြန်တာဖြစ်ပါတယ်။
အချို့က လက်ရှိမြန်မာနိုင်ငံ အင်တာနက်အသုံးပြုသူဦးရေဟာ ရှစ်သန်းရှိတယ်လို့ ခန့်မှန်းကြပြန်ပါတယ်။ ဘယ် Data အမှန်လဲဆိုတာတော့ စာဖတ်သူပဲ ဆုံးဖြတ်နိုင်ပြီး လက်ရှိတစ်ကယ့်စာရင်းအတိအကျကိုတော့ မြန်မာ့ ISP က ထုတ်ပြန်မှသာ သိနိုင်မှာပါ။
မည်သို့ပင်ဖြစ်စေကာမူ အင်တာနက်သုံးလို့ရတဲ့ ဖုန်းတွေလွတ်လွတ်လပ်လပ် စျေးသက်သာစွာ စတင်ဝယ်ယူသုံးစွဲလို့ရလာတာနဲ့ အမျှ အင်တာနက် အသုံးပြုသူဦးရေဟာ ဒရဟောတိုးတက်လာဦးမှာပါ။ Digital Age မှာ အွန်လိုင်းနဲ့ပတ်သတ်ရမယ့် စီးပွားရေးလုပ်ငန်းတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အထူးအခွင့်အလမ်းကောင်း တစ်ခုပါပဲ။