logo
myanmar
Instagram Stories မှာ အသစ်ပါလာတဲ့ ‘Countdown’ Sticker

Instagram Stories မှာ အသစ်ပါလာတဲ့ ‘Countdown’ Sticker

13 Dec 2018

ယခုတစ်ခေါက် ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Instagram ရဲ့ Stories မှာ Sticker အသစ်တစ်ခုကို ထည့်သွင်းလိုက်တဲ့ အကြောင်းပဲဖြစ်ပါတယ်။
Instagram ဟာ Sticker တွေ မြောက်များစွာ ရှိတဲ့အထဲမှာမှ ယခုတစ်ခါလည်း Christmas, New Year အစရှိတဲ့ Event တွေလည်းလာတော့မှာ ဖြစ်တဲ့ အတွက် ‘Countdown’ ဆိုတဲ့ Sticker အသစ်တစ်ခုကို ထည့်သွင်းခဲ့ပါတယ်။


ဒီ ‘Countdown’ Sticker ကိုသုံးမယ်ဆိုရင် အချိန်သတ်မှတ်ထားလို့ရတဲ့ Option တစ်ခုသင့်ကိုပေးပါလိမ့်မယ်။ Reminder ပုံစံမျိုးဆိုရင်လည်း မမှားပါဘူး၊ သင် သတ်မှတ်ထားတဲ့ Countdown ပြည့်ခဲ့မယ်ဆိုရင် သင့်ကို Remind လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီ ‘Contdown’ Sticker လေးကိုသင့်ရဲ့ Follower တွေဆီကိုလည်း
Sharing လုပ်သွားနိုင်ပါသေးတယ်။ New Year မှာလည်း ‘Countdown’ လုပ်ထားနိုင်သေးတယ်။

Business ပိုင်းမှာလည်း ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်မလဲဆိုရင်တော့ သင့် Company ကထုတ်မဲ့ Product အသစ်တွေ၊ Promotion/ Event တွေကို Follower တွေအတွက် Countdown ပြုလုပ်ထားနိုင်ပါတယ်။ Follower အတွက်လည်း အသစ်အဆန်းဖြစ်နိုင်မယ့် Advertising Style နဲ့ Countdown လုပ်ထားမယ်ဆိုရင် Engagement ပိုမိုရရှိလာနိုင်ပါသေးတယ်။

Ref - socialmediatoday

Recent posts