logo
myanmar
Pinterest မှာပါဝင်လာတဲ့ Option အသစ်

Pinterest မှာပါဝင်လာတဲ့ Option အသစ်

05 Oct 2018

Social Media Platform တစ်ခုဖြစ်တဲ့ Pinterest ဟာဆိုရင် User တွေအတွက်ပိုပြီး Usable ဖြစ်လာအောင် Option အသစ်တစ်ခုထည့်သွင်းလိုက်ပါတယ်။ Pinterest ဟာ Content တွေကို ပိုပြီး ရှာဖွေ ရလွယ်ကူအောင် ဒီ Discovery Option လေး တစ်ခုဖြစ်တဲ့ “More Ideas” ဆိုတဲ့ Tab လေးကို ထည့်သွင်း ပေးလိုက်တာလို့ယူဆိုနိုင်ပါတယ်။ Pinterest စာမျက်နှာပေါ်မှာ သင် Pin လုပ်ထားတဲ့ Content လေးတွေ ကို တနေရာထဲမှာ “More Ideas” ဆိုတဲ့ Tab လေးမှာတစုတစည်းတွေရမှာပဲဖြစ်ပါတယ်။

ဒီ Option လေးက အရမ်းကြီး သင့်တော်တဲ့ Minor Option လေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ သူကတော့
Content တွေကိုလွယ်လွယ်ကူကူရှာဖွေနိုင်စေပြီးတော့ Pinterest မှာ 13 Billion Pins Search Capacity ထိအဆက်မပြတ် ရှိခဲ့ပါပြီ။ ဒီအချက်ကြောင့် Pinterest ဟာ User တွေရဲ့ Recommendation အမြောက်အများရရှိခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကာလတစ်ခုအတွင်းမှာ Pinterest ဟာ အသုံးပြုသူ 250 Million အထိရရှိခဲ့ပြီးပါပြီး။ လက်ရှိအချိန်မှာ Pinterest ဟာ eCommerce နဲ့ Product Tools တွေအတွက် ဆက်လက်ပြီး တဖြည်းဖြည်းနဲ့ရလဒ်ကောင်းတွေရရှိလာအောင်လုပ်ဆောင်နေတယ်လို့လဲ သိရှိရပါသေးတယ်။ Marketer တွေအတွက်လည်း စျေးကွက်ချဲ့ထွင်နိုင်ဖို့အတွက် မိမိတို့လုပ်ငန်းနဲ့ပတ်သတ်တဲ့ Pin ဟာ Competitor တွေရဲ့ Pins ထက်ထိပ်ဆုံးမှာရောက်ရှိနေမယ်ဆိုရင် သင့်လုပ်ငန်းအတွက်ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရရှိလာမှာဖြစ်ပါတယ်။

Pinterest ရဲ့ “ More Ideas” Tab နဲ့ Recommendation Section တွေဟာ User တိုင်းအသုံးပြုနိုင်နေပါပြီ။ ဒါကြောင့်မို့ Pinterest မှာ Business Run နေတယ်ဆိုရင်တော့ Update လုပ်ဖို့အကြံပြုပါရစေ။

Ref - socialmediatoday

Recent posts