Online ကနေ Video Edit ဖို့အတွက်ခေါင်းစားနေပါသလား?
04 Sept 2023
Video Content တွေဟာ Digital Marketing မှာ တော်တော်ကို အသုံးပြုလာကြတဲ့ Content-Type အမျိုးအစားတွေထဲမှာ ပါဝင်လာပါတယ်။
Marketer တွေကလည်း အသစ်သစ်သော နည်းလမ်းပုံစံတွေ နဲ့ ဈေးကွက် ကိုချဲ့ထွင်လုပ်ကိုင်တဲ့ အခါမှာတော့ ဒီ Video Content တွေက တစိတ်တနေရာကနေ Audience Engagement ကို ဖမ်းစားနိုင်အောင် ကူညီပေးနေပါတယ်။ ဒီလို Video Content တွေဖန်တီးဖို့ Video Editing နဲ့ရင်နီးတဲ့ Marketer တွေအတွက် အဆင်ပြေနိုင်မယ့် Video Editing Tool အချို့ကို ဝေမျှပေးချင်ပါတယ်။
Headliner
ဒီ Video Editing Tool ကတော့ အလွယ်ကူဆုံး နည်းလမ်းနဲ့ Caption တွေတပ်ပြီး Video Content ဖန်တီးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ သင်ဖန်တီးချင်တဲ့ Video Content မှာ Image, Video နဲ့ GIFs အစရှိတဲ့ File Format ကိုထည့်သွင်းနိုင်ပြီးပါ ဖန်တီးနိုင်ပါတယ်။ ဒီ Tool ကိုတော့ Free Version, Pro Version တွေကို ရွေးချယ်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။
Quick By GoPro
ဒီ Tool ကတော့ Video Content တွေကို Mobile Device ပေါ်ကနေ ဖန်တီးပြီး Sharing လုပ်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ အချိန်အများကြီးမပေးပဲ Video Content တစ်ခုကို ရိုးရှင်းလွယ်ကူစွာ ဖန်တီးချင်တယ် ဆိုရင် ဒီ Tool ကိုအသုံးပြုနိုင်ပါတယ်။
Typito
Typito ကတော့ Video တစ်ခုကို Online ပေါ်မှာ မြန်မြန်ဆန်ဆန် Drag-and-drop လုပ်ချင်တယ်ဆိုရင် Typito ကို အသုံးပြုနိုင်ပါတယ်။ Free Version ကို Unlimited အနေနဲ့ အသုံးပြုသွားနိုင်မှာဖြစ်ပြီး Video Size ကို ၇ မျိုး အထိ Resize လုပ်နိုင်တဲ့ အတွက် Social Media Platform တွေပေါ်မှာလဲ သက်ဆိုင်တဲ့ Video Size ကိုရွေးချယ်ပြီး တင်နိုင်မှာ ဖြစ်ပါတယ်။
ဒီ Video Editing Tool လေးတွေက Online ကနေအလွယ်တကူ အသုံးပြုနိုင်တဲ့ Tool တွေဖြစ်တဲ့ အတွက် Marketer တွေအတွက်လည်း လိုအပ်လာပြီဆိုရင် မြန်မြန်ဆန်ဆန်ရှာဖွေပြီး Video တစ်ခုကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။