logo
myanmar
အိမ်ထဲမှာနေပြီး Photo စုဆောင်းချင်သူတွေအတွက်

အိမ်ထဲမှာနေပြီး Photo စုဆောင်းချင်သူတွေအတွက်

20 Feb 2021

ဒီတစ်ခါဖော်ပြပေးသွားမှာကတော့ အိမ်ထဲမှာနေပြီး အရေးကြီးတဲ့ Photo တွေ၊ မှတ်တမ်းတင်ထားတဲ့ Photo တွေကို သေချာသိမ်းဆည်း စုဆောင်းထားချင်သူတွေအတွက် အသုံးဝင်မယ့် App အချို့ကို ဖော်ပြပေးလိုက်ပါမယ်...

Collage Maker
Collage Maker ဆိုတဲ့ App မှာတော့ များပြားလွန်းတဲ့ Collage Layout တွေနဲ့ စိတ်တိုင်းကျ Photo Collage လုပ်နိုင်ပါတယ်။ Collage လုပ်ရုံတင်မဟုတ်ပဲ Photo Editing ကိုလည်း Feature စုံစုံလင်လင်နဲ့ စိတ်ကြိုက် ပြင်နိုင်သေးတယ်အတွက် 2 in 1 App တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ Google Play Store မှာလည်း Top-rating App စာရင်းဝင်ခဲ့ပါသေးတယ်။

Photo Collage
ဒီ App ကလဲ Collage Maker လိုပဲ Top-rating App စာရင်းဝင်ထားပြီး Collage Layout 120 ကျော်နဲ့ စိတ်တိုင်းကျ Collection လုပ်သွားနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ Photo Editing ပိုင်းကိုလည်း Professional Level နီးပါးပြင်နိုင်မှာ ဖြစ်တဲ့အတွက် ဒီ App ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Photo Collage Maker
ဒီ App ကတော့ နာမည်အတိုင်းပဲ Photo Collage သီးသန့်လုပ်တဲ့ Google Play Store ရဲ့ Top-rating collage maker App တစ်ခုဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် Photo 15 ပုံအထိ Collage လုပ်နိုင်မှာဖြစ်ပြီး များပြားလွန်းတဲ့ Layout Effect, Frame, Filter, Background တွေကိုလည်း စိတ်တိုင်းကျ ရွေးချယ်အသုံးပြုနိုင်သွားမှာ ဖြစ်ပါတယ်။ Photo Collage ပဲလုပ်မယ် Edit မလုပ်ချင်ဘူးဆိုတဲ့သူတွေ အတွက်ကတော့ ဒီ App ကိုရွေးချယ်နိုင်ပါတယ်။

PhotoGrid
ဒီ App ကတော့ Develop လုပ်ထားတာတော်တော်ကြာနေပြီ ဆိုပေမယ့် လက်ရှိ 2019 မှာပြန်ခေတ်စားလာပြီး 2019 Best Collage Maker စာရင်းတောင်ဝင်ခဲ့ပါတယ်။ ဆန်းသစ်တဲ့ Layout Template 300 ကျော်နဲ့ Text Effect, Font, Collage Frame အများအပြားပါဝင်တဲ့အတွက် ကိုယ့်ရဲ့ Photo တွေကို စိတ်ကြိုက် Collage လုပ်နိုင်မယ့် App တစ်ခုလို့ပြောနိုင်ပါတယ်။

ဓာတ်ပုံတွေကို Collage သေချာလုပ်ပြီးမှာ Social Media Platform တွေမှာ Post အဖြစ်တင်တတ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိတယ်ဆိုရင် ဒီ App တွေကိုလမ်းညွှန်ပေးလိုက်ပါ။

Recent posts