25 Jun 2025
သင့်လုပ်ငန်းရဲ့ Audience Engagement ရရှိဖို့အတွက်ဆိုရင် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Social Media Type တွေရယ် ဘယ် Channel တွေရယ်မှာ အသုံးပြုဖို့ သင်တော်မလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဒီအချက်တွေ မှန်ကန် ကိုက်ညီနေမှ ရရှိသင့်တဲ့ Result တွေရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ် Social Content Type တွေကဘလိုသုံးသင့်လဲဆိုတာနဲ့ ဘယ် Channel တွေမှာသုံးနိုင်လဲဆိုတာကို Sharing လုပ်ပေးသွားချင်ပါတယ်…
Short Form Video
ဒီ Content Type မျိုးကတော့ အသုံးများလာပြီး Popular ဖြစ်နေဆဲ Social Content Type မျိုးဖြစ်ပါတယ်။ သူကတော့ ၁၀ မိနစ်အောက် Video Form တွေဖြစ်ပြီး အချိန်ပိုတိုလေ ပိုပြီးကောင်းလေ ဖြစ်ပါတယ်။ Facebook Reels, TikTok, YouTube Shorts တွေကနေ ရရှိတဲ့ Audience Reaching ဟာ တော်တော်လေးကို Effective ဖြစ်တာကို တွေ့ရပါတယ်။ ဒီ Short Form Video တွေအသုံးပြုဖို့ အကောင်းဆုံး Social Media Channel တွေကတော့ TikTok, Instagram, YouTube နဲ့ Snapchat တို့ပဲ ဖြစ်ပါတယ်။
Long Form Video
ဒီ Content Type ကတော့ သင့်လုပ်ငန်းရဲ့ Brand Storytelling အတွက် အသုံးပြုဖို့ သင့်တော်တဲ့ Social Content Type တစ်မျိုးဖြစ်ပါတယ်။ နောက်ထပ် Documentaries, Branded series, Video profiles, Interviews အစရှိတာတွေအတွက်လဲ သင့်တော်တဲ့ Social Content Type မျိုးလဲ ဖြစ်ပါတယ်။ Long Form Video တွေအတွက် အသုံးပြုသင့်တဲ့ Social Media Channel တွေကတော့ Long Form Video တွေရဲ့ Leader Platform လို့ပြောလို့ရတဲ့ YouTube ပဲ ဖြစ်ပါတယ်။
User Generated Content
ဒီ Content Type ကတော့ လုပ်ငန်း တွေရဲ့ Individuals Branding ပြုလုပ်တဲ့ နေရာမှာ အသုံးဝင်တဲ့ Social Content Type မျိုးဖြစ်ပါတယ်။ Powerful ဖြစ်တဲ့ Content Type တစ်မျိုးလို့လဲ ပြောနိုင်ပါသေးတယ်။ ဒီ User Generated Content တွေအတွက် အသုံးပြုဖို့ သင့်တော်တဲ့ Social Media Channel ကတော့ Instagram ပဲ ဖြစ်ပါတယ်။
အထက်ပါဖော်ပြခဲ့တဲ့ အချက်တွေကတော့ သင့်လုပ်ငန်းရဲ့ Audience Engagement ရရှိဖို့အတွက်ဆိုရင် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Social Media Type တွေရယ် ဘယ် Channel တွေရယ်မှာ အသုံးပြုဖို့ သင်တော်မလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။