logo
myanmar
2021 အတွက်သိထားသင့်တဲ့ Social Media Trends များ

2021 အတွက်သိထားသင့်တဲ့ Social Media Trends များ

09 Dec 2020

Covide 19 ဖြစ်ပွားနေတဲ့ အချိန်ကာလတွေမှာ စီးပွားရေးလုပ်ငန်းတွေဟာ သာမန်ထက်တော့ ကျဆင်းနေတာကို တွေ့ကြရပါတယ်။ ဒီလို စီးပွားရေးတွေဆက်လက် ရပ်တည်နိုင်အောင် အတွက် လုပ်ငန်းတွေကို Online ပေါ်တွေကနေ ရောင်းချလာကြတာကိုလည်း တွေ့ကြရမှာပါ။ Social Media Network တွေပေါ်ကနေ ‌‌လုပ်ငန်းတွေကို လုပ်ကိုင်လာတာကိုလည်း တွေ့နိုင်ပါသေးတယ်။ ဒီလို အခြေအနေမျိုးမှာ သိထားသင့်တဲ့ Social Media Trend တွေကို သိထားမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။


ဒါကြောင့်မိတ်ဆွေတို့ကို 2021 အတွက်ပါ သိထားသင့်တဲ့ Social Media Trends တွေကို ဖော်ပြပေးသွားပါမယ်…


- Gaming, YouTube Video တွေနဲ့ Video Content တွေဟာ လက်ရှိကာလမှာ ကြီးထွားမှုနှုန်း အတော်များလာတာကို တွေ့ရပါတယ်။


- TikTok ကိုအသုံးပြုလာနှုန်းထားကလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၃၀ ရာခိုင်နှုန်း အထိ တိုးများလာပါတယ်။


- Facebook, Instagram နဲ့ WhatsApp တို့ရဲ့ Stories တွေကို နေ့စဥ်အသုံးပြုတဲ့ User အရေအတွက်ဟာ ဆိုရင်လည်း 500 Million အထိရှိလာခဲ့ပါပြီ။


- သုံးစွဲသူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းက Online ကနေ Product တွေရှာဖွေဖို့အတွက် Social Media Platform တွေကနေတဆင့် ရှာဖွေလာကြပါတယ်။


- Messaging App အသုံးပြုမှုတွေဟာလည်း တော်တော်မြန်မြန်ကို မြင့်တက်လာပါတယ်။ 2023 မှာတော့ Messaging App အသုံးပြုမှုဟာ 3.12 Billion အထိရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။


- Mobile Food Delivery Marketplace တွေကို အသုံးပြုလာတဲ့ နှုန်းထားဟာဆိုရင်လည်း အဆမတန်ကို များပြားလာတာကို တွေ့ရပါတယ်။


ဒီအချက်တွေကတော့ 2021 မှာ သိသိသာသာ အသုံးဝင်လာမယ့် သိထားသင့်တဲ့ Social Media Trends တွေပဲ ဖြစ်ပါတယ်။


Recent posts