Android Device တွေမှာ Streaming ကောင်းကောင်းလုပ်နိုင်မယ့် App အချို့
05 Jan 2021
Streaming Page တွေအများအပြား လက်ရှိကာလမှာ ပေါ်ပေါက်လာတာကို အင်တာနက် အသုံးပြုသူတိုင်း သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဒီလို Stream တဲ့အပိုင်းမှာမှ PC နဲ့ Stream တာရယ် Mobile နဲ့ Stream တာတွေ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ Android Device အသုံးပြုတဲ့မိတ်ဆွေလည်း Streaming ကိုစိတ်ဝင်စားတယ် လုပ်ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကောင်းကောင်း အသုံးဝင်စေမယ့် Streaming App တွေကို ဖော်ပြပေးသွားပါမယ်…
StreamCraft
ဒီ App က Google Play Store မှာမရှိပေမယ့် Apkpure မှာ Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ Gameplay တွေကို Stream ချင်တဲ့ သူတစ်ယောက်အတွက် ဒီ App က အသုံးပြုရတာ ကောင်းမွန်တဲ့ App တစ်ခုထဲမှာပါဝင်ပါတယ်။ Streaming ကောင်းကောင်းလုပ်နိုင်ပြီး Reward တွေပါ ပြန်လည်ထုတ်ယူနိုင်တဲ့ Feature တွေ ပါဝင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။
Omlet Arcade
ဒီ App ကတော့ Game Streaming တွေကို ကြည့်တဲ့သူ တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ Facebook, YouTube, Twitch အစရှိတဲ့ Platform တွေမှာ ကိုယ့်ရဲ့ Gameplay ကို Streaming လုပ်ချင်တယ်ဆိုရင် ဒီ App ကကောင်းကောင်း အသုံးဝင်မယ့် App တစ်ခု ဖြစ်ပါတယ်။ Mobile Game တော်တော်များများကို Support လုပ်ပြီး Free Download ရယူနိုင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ ဒီ Game ကိုတော့ Google Play Store မှာ Download ရယူနိုင်ပါတယ်။
Streamlabs
ဒီ App ကတော့ Creator နဲ့ Streamer တွေအတွက် ကောင်းကောင်း အသုံးဝင်စေမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App က သင့်ရဲ့ Streaming Quality ကိုကောင်းကောင်း ထိန်းပေးပါတယ်။ နောက်ထပ်အချက်တွေကတော့ Filter တွေ၊ Video Effect တွေပါဝင်တာပဲ ဖြစ်ပါတယ်။ Google Play Store မှာ Free Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ဒီ App တွေကို အသုံးပြုပြီး မိတ်ဆွေတို့ရဲ့ Gameplay တွေကို အကောင်းဆုံး Stream သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။