03 Jul 2021
Online မှာလူတိုင်းနီးပါး ပြောဆိုနေကျတဲ့ အရာတွေက Facebook စာမျက်နှာက အကြောင်းရာတွေ၊ Quick-tips Video တွေ၊ Instagram Feeds ကအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ လူသုံးများတဲ့ Social Platform တွေသာ အသုံးများကြတာကိုတွေ့ရပါတယ်။ Email ကိုတော့ လူတိုင်းနီးပါး ထဲထဲဝင်ဝင် သိပ်အသုံးမပြုကြပဲ Business နယ်ပယ်ကသူတွေလောက်သာ အသုံးပြုကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ငန်းကို ကြော်ငြာတာတွေ၊ Business နယ်ပယ်ကို စိတ်ဝင်စားတဲ့သူတွေနဲ့ ချိတ်ဆက်ချင်တာတို့ဆိုရင် Email Marketing ကိုအသုံးပြုတတ်ပါတယ်။ Website တည်ဆောက်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာဆိုရင်လည်း Subscribers တွေဆီကို Email Blast လုပ်ပြီး Promotion တွေ Blessing Letter တွေ ပို့ပြီး လုပ်ငန်းအတွက် ပိုအကျိုးရှိလာမယ့် အရာတွေကို လုပ်ဆောင်တတ်ပါတယ်။
ဒါကြောင့် Email Marketing နဲ့ပတ်သတ်တဲ့ အကြောင်းအရာအချို့ကို ဝေမျှသွားချင်ပါတယ်...
သင့်ရဲ့ Audience အစစ်အမှန်နဲ့ Connect လုပ်ဖို့လိုအပ်ပါတယ်။ အခုခေတ်မှာ Internet အသုံးပြုသူတွေ များပြားတာကြောင့် Email Marketing Campaign တွေဖန်တီးတဲ့ အခါမှာ Audience အစစ်အမှန်တွေဆီကို ရောက်ဖို့လိုအပ်ပါတယ်။
Email Blast မလုပ်ခင်မှာ Customize သေချာလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Email အတွက် လိုအပ်တဲ့ Campaign တွေ Design နဲ့ Message တွေကို သက်ဆိုင်ရာဈေးကွက်ကိုအခြေခံပြီးဖန်တီးရွေးချယ်ပါ။ တိုတိုနဲ့လိုရင်းရောက်တဲ့ပြေပြစ်ချောမွေ့တဲ့ Email တစ်ဆောင်ဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ Email ဟာဆွဲဆောင်မှုရှိတဲ့ Message တွေ Image Design တွေပါဝင်ဖို့အရေးကြီးပါတယ်။
Audience Attention ကိုရနိုင်သလောက် ယူထားဖို့ လိုအပ်ပါ။ ယနေ့ခေတ်မှာ Consumers တွေဟာ Multi - Taskers တွေဖြစ်လာကြပါပြီ။ Video ကြည့်နေရင်းနဲ့ New Feeds ကို Scroll လုပ်တတ်ကြပါတယ်။ ဒီလို New Feeds အသုံးပြုနေရင်းနဲ့ အလုပ်နဲ့ပတ်သတ်တဲ့ Email တွေကိုလည်း စစ်ဆေးတတ်ကြပါတယ်။ အလုပ်နဲ့ပတ်သတ်တဲ့ Email သာမက ကိုယ့် Subscribe လုပ်ထားတဲ့ Website တွေက Email တွေကိုလည်း စစ်တတ်ပါသေးတယ်။ ဒီအချက်တွေက ကိုယ့်ရဲ့ လုပ်ငန်းက Email တွေကိုလည်း အမြဲစစ်ဆေးနေဖို့အတွက်က Audience Attention ကောင်းကောင်းရှိနေမှ ဖြစ်မှာပါ။
ရှင်းလင်းပြတ်သားတဲ့ Call-To-Action ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ကတော့ ကိုယ့်လုပ်ငန်းက eCommerce နဲ့ပတ်သတ်တဲ့ လုပ်ငန်းဖြစ်နေတဲ့ အချိန်မှာ Product ကြော်ငြာတဲ့ Email ကိုရရှိသွားပြီး တကယ် ဝယ်ချင်လို့ ဥပမာ- Buy Now, Order Now အစရှိတဲ့ Call-To-Action တွေကို ရှာဖွေတတ်ပါတယ်။ ဒီအချိန်မှာ ထင်ရှားပြတ်သားတဲ့ Call-To-Action ရှိနေမှာသာ သင့်လုပ်ငန်းအတွက် အကျိုးအမြတ်ရရှိမှာပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေက Email Marketing ကိုလုပ်ငန်းအတွက် သေချာအသုံးပြုချင်တယ်၊ Email Marketing နဲ့ကိုယ့်လုပ်ငန်းကို ပိုကောင်းလာအောင်လုပ်ချင်တယ် ဆိုရင် သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။