logo
myanmar
Photo Compress ဘယ်မှာလုပ်နိုင်လဲ?

Photo Compress ဘယ်မှာလုပ်နိုင်လဲ?

01 May 2023

Digital Marketing လုပ်ငန်းတွေဖြစ်တဲ့ Website, Facebook အစရှိတဲ့ လုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Image Size ပြဿနာတွေကို Online ပေါ်ကနေ အကောင်းဆုံး ဖြေရှင်းနိုင် မယ့် Online Source တွေကို ဖော်ပြပေးသွားပါမယ်…


Compress PNG

Compress PNG ဆိုတဲ့ နာမည်အတိုင်း Image Size ကြီးနေတဲ့ PNG file တွေကို Online ကနေ Size ကို Compress လုပ်ပေးနိုင်တဲ့ Source တစ်ခုဖြစ်ပါတယ်။ ဒီလို Image Size ကို Compress လုပ်တဲ့နေရာမှာ Image Quality တွေကျသွားတတ်တဲ့ အဖြစ်မျိုးတွေကိုတော့ ဒီ Compress PNG ဆိုတဲ့ Online Source မှာ မဖြစ်နိုင်တဲ့ အတွက် စိတ်ချလက်ချ အသုံးပြုကြည့်နိုင်ပါတယ်။ အသုံးပြုပုံကတော့ Upload File မှာ ကိုယ် Compress လုပ်ချင်တဲ့ PNG file ကိုရွေးပြီး Compress Button ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။


Giftofspeed

ဒီ Giftofspeed ကတော့ နောက်ထပ် PNG File တွေကို Compress ကောင်းကောင်းလုပ်နိုင်တဲ့ Online Source တစ်ခုလို ပြောလို့ရပါတယ်။ ဒီ Source က Web Page တစ်ခုဖြစ်တဲ့ အတွက် Navigation Bar မှာ Tool ဆိုတဲ့ Button ကိုရွေးပြီး ကိုယ် Compress လုပ်ချင်တဲ့ PNG File ကိုရွေးချယ်ပြီး Size ချုံ့နိုင်ပါတယ်။


TinyPNG

TinyPNG ဆိုတဲ့ Online Source မှာဆိုရင် မိတ်ဆွေတို့ Compress လုပ်ချင်တဲ့ Image file ကို PNG သာမက JPEG File တွေကိုပါ Compress လုပ်နိုင်မယ့် Online Source တစ်ခုဖြစ်ပါတယ်။ ဒီ Online Source ကနေ Compress လုပ်လိုက်တဲ့ Image file တွေရဲ့ Quality ထိခိုက်မသွားစေတဲ့အတွက် Image file တွေကို စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ Online Source ထဲမှာ ပါဝင်ပါတယ်။


EzGiF

ဒီ EzGiF ကတော့ PNG file တွေပဲ Compress နိုင်တာမဟုတ်ပဲ Animated PNG file တွေကိုပါ Compress လုပ်နိုင်တဲ့ Online Source တစ်ခုဖြစ်ပါတယ်။ ဒီ EzGiF မှာက Image File တွေကို Compress လုပ်နိုင်ရုံ သာမက Resize, Crop, Video to Gif အစရှိတဲ့ Feature တော်တော်များများလည်း ပါဝင်တဲ့ အတွက် အခြားကဏ္ဍတွေကို လုပ်ဆောင်နိုင်တဲ့ Online Source တစ်ခုလည်းဖြစ်ပါတယ်။


Reduced Images

ဒီ Reduce Images ဆိုတဲ့ Online Soure မှာဆိုရင်တော့ သင် Compress လုပ်ချင်တဲ့ Image တွေကို ရိုးရှင်းလွယ်ကူစွာ Compress လုပ်နိုင်မယ့် Online Source တစ်ခုဖြစ်ပါတယ်။ UI (User Interface) က လည်းရိုးရိုးရှင်းရှင်း တည်ဆောက်ထားတဲ့ အတွက် အချိန်သိပ်မပေးနိုင်ပဲ Compress မြန်မြန်လုပ်နိုင်မယ့် Online Source တစ်ခုဖြစ်ပါတယ်။


ဒီဖော်ပြပေးခဲ့တဲ့ Online Source တွေကတော့ Website ထဲမှာ သုံးဖို့ Image Size အခက်အခဲတွေ၊ Facebook, Instagram အစရှိတဲ့ Social Media Network တွေမှာ Image Size များနေလို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို Online ကနေပဲ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့် Online Source တွေဖြစ်ပြီး သင်နှစ်သက်ရာ Online Source ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Recent posts